ယမန်နေ့ ဧပြီလ (၅) ရက် နေ့လယ် ၂ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ရွှေတဂူဒေသရှိ တဘက်ချောင်းအနီးတွင် ဟင်းရွက်ခူးနေသော အသက် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် စစ်လက်နက်အကြွင်းအကျန် မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။ဆီဆိုင်မြို့နယ်ရှိ ရွှေတဂူကျေးရွာသည် အိမ်ခြေအနည်းငယ်သာ ရှိပြီး နေရပ်ပြန် နေထိုင်သူလည်း အနည်းစုသာ ရှိကြောင်း ၎င်းအမျိုးသမီးက ပြောသည်။ထို့ကြောင့် ဒေသခံများအနေဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့ အလွယ်တကူ မသွားရောက်သင့်ဘဲ သတိထား သွားလာရန် လိုအပ်ကြောင်း၊ စစ်ကျန် လက်နက်ပစ္စည်းများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ရှင်းလင်းခိုင်းရန် လိုအပ်ကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။



