back

ရန်ကုန်မြို့တွင်ဆီ တန်းစီရင်း ၃ ဦးမြောက်အဖြစ် ထပ်မံသေဆုံးပြန်သည့် ဝမ်းနည်းဖွယ်ဖြစ်စဉ်

Apr 06 • 1:06 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့တွင်ဆီ တန်းစီရင်း ၃ ဦးမြောက်အဖြစ် ထပ်မံသေဆုံးပြန်သည့် ဝမ်းနည်းဖွယ်ဖြစ်စဉ်

​ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ လိုင်စင်ရုံးအနီး Max စက်သုံးဆီဆိုင်တွင် ဆီဖြည့်ရန် တန်းစီစောင့်ဆိုင်းနေသည့် အသက် (၄၅) နှစ်အရွယ် အမျိုးသားတစ်ဦး ယနေ့ (ဧပြီ...

​ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ လိုင်စင်ရုံးအနီး Max စက်သုံးဆီဆိုင်တွင် ဆီဖြည့်ရန် တန်းစီစောင့်ဆိုင်းနေသည့် အသက် (၄၅) နှစ်အရွယ် အမျိုးသားတစ်ဦး ယနေ့ (ဧပြီ ၆ ရက်) နံနက်ပိုင်းတွင် သေဆုံးနေကြောင်း သိရှိရပါသည်။၎င်းအမျိုးသားသည် စက်သုံးဆီရရှိရန်အတွက် ဧပြီ (၅) ရက်၊ မနေ့ညကတည်းက ဆီဆိုင်တွင် ညအိပ်စောင့်ဆိုင်းခဲ့ခြင်းဖြစ်ပြီး မနေ့ညပိုင်းအထိ အခြားယာဉ်မောင်းများနှင့် စကားပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။ယနေ့နံနက် (၈) နာရီခန့် ဆီစတင်ရောင်းချချိန်တွင် အခြားကားများ ရွေ့လျားသွားသော်လည်း ၎င်း၏ကားမှာ ရပ်တန့်မြဲဖြစ်နေသဖြင့် အနီးနားရှိ ယာဉ်မောင်းများက သွားရောက်ကြည့်ရှုရာမှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် လူမှုကူညီရေးအသင်းထံ အကြောင်းကြားကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်။


news-view-count-icon

634