back

ကယားပြည်နယ်၌ စပါး တစ်ပိဿာ (၃)ထောင်ကျော် စျေးပေါက်၊ စပါးရှား၍ ရောင်းသူမရှိ

Apr 06 • 2:57 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်၌ စပါး တစ်ပိဿာ (၃)ထောင်ကျော် စျေးပေါက်၊ စပါးရှား၍ ရောင်းသူမရှိ

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းနှင့် ရှမ်း - ကရင်နီနယ်စပ် ၊ ဖယ်ခုံ မိုးဗြဲ မြို့နယ်တို့တွင် စပါးတစ်ပိဿာ ကျပ် (၃,၀၀၀) ကျော်အထိ ပေါက်စျေးနေပြီး စပါးရှ...

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းနှင့် ရှမ်း - ကရင်နီနယ်စပ် ၊ ဖယ်ခုံ မိုးဗြဲ မြို့နယ်တို့တွင် စပါးတစ်ပိဿာ ကျပ် (၃,၀၀၀) ကျော်အထိ ပေါက်စျေးနေပြီး စပါးရှား၍ ရောင်းချသူ မရှိသလောက် နည်းပါးနေကြောင်း ဆန်ရောင်းဝယ်ရေးကုန်သည်များက ပြောသည်။ပြီးခဲ့သည့် နှစ်က ဒေသတွင်းစိုက်ပျိုးသည့် ရွှေအပ်နှင့် ရွှေရင်အေး စပါးစျေး (၁,၅၀၀) ဝန်းကျင်သာ ရှိခဲ့ပြီး ယခုနှစ်တွင် ဒီးမော့ဆို အနောက်ခြမ်းတွင် စပါး တစ်ပိဿာ (၃,၀၀၀) ကျပ်၊ ဖယ်ခုံ အနောက်ခြမ်းတွင် (၃,၃၀၀) ကျပ်အထိ ပေါက်စျေးရှိသည်။" အခုရောင်းရတဲ့စပါးက လာမယ့်နှစ် အတွက်ပြန်စိုက်ဖို့ အရင်းဖြစ်မှာ၊ အခုက လွိုင်ကော်ဘက်လည်းရောင်းလို့မရ၊ အနောက်ခြမ်းကိုလည်း ပို့လို့မရဖြစ်နေတယ် " ဟု ဒီးမော့ဆိုအရှေ့ခြမ်းရှိ တောင်သူတစ်ဦးကပြောသည်။

news-view-count-icon

22