back

ပို့ကုန်ရငွေ ပြန်မသွင်းလို့ ဦးတေဇနဲ့ သားဖြစ်သူအပြင် ကုမ္ပဏီ ၂၈၇ ခုက လုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်းသွင်း

Apr 05 • 12:48 PM

breaking-news

Myanmar

Yangon

cover

ပို့ကုန်ရငွေ ပြန်မသွင်းလို့ ဦးတေဇနဲ့ သားဖြစ်သူအပြင် ကုမ္ပဏီ ၂၈၇ ခုက လုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်းသွင်း

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မတ်လကုန်အထိ ပြည်ပကို ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီ ၂၈၇ ခုနဲ့ လုပ်ငန်းရှင်တွေကို အမည်ပျ...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မတ်လကုန်အထိ ပြည်ပကို ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီ ၂၈၇ ခုနဲ့ လုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်း (Blacklist) ထည့်သွင်းလိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ ဧပြီ ၄ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ဗဟိုဘဏ်က ထုတ်ပြန်လာတဲ့ အမည်ပျက်စာရင်းထဲမှာ ထူးထရေးဒင်းကုမ္ပဏီလည်း ပါဝင်လာတာတွေ့ရပြီး ဥက္ကဋ္ဌ ဦးတေဇနဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေဖြစ်တဲ့ သားဖြစ်သူ ဦးပြည့်ဖြိုးတေဇအပြင် ဦးမိုးသက်တင်၊ ဦးသီဟ၊ ဦးရာဇာထွေးတို့ကိုလည်း Blacklist ထည့်သွင်းထားပါတယ်။ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိပါက ဗဟိုဘဏ်အတွင်း နိုင်ငံခြားငွေတွေ ပြန်လည်စီးဝင်မှု နည်းပါးကာ နိုင်ငံရဲ့ နိုင်ငံခြားငွေအရန် (Foreign Exchange Reserve) ကို ထိခိုက်စေနိုင်တယ်လို့ သူက ပြောပါတယ်။အကျိုးဆက်အနေနဲ့ နိုင်ငံခြားငွေရှားပါးမှု၊ ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတို့ကို တိုက်ရိုက် ဖြစ်ပေါ်စေနိုင်ပြီး စက်သုံးဆီနဲ့ ဆေးဝါးကဲ့သို့သော မရှိမဖြစ် သွင်းကုန်တွေအတွက် ငွေကြေးလိုအပ်ချက်ကို ကြီးထွားစေနိုင်ကာ တိုင်းပြည်စီးပွားရေးကို ကျဆင်းစေနိုင်တယ်လို့ သူက ပြောပါတယ်။ဒါအပြင် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီ ၁၉၇ ခုနဲ့ အဲဒီကုမ္ပဏီတွေရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို Blacklist ထည့်သွင်းလိုက်တယ်လို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန် ၃၀ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။




news-view-count-icon

14