ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ဟိုတယ် 68 အနီး ကျားဖြန့်ရုံတွင် လူသတ်၊ အလောင်းဖျောက် မှုဖြစ်ပွားသဖြင့် သက်ဆိုင်ရာက ဝင်ရောက် ဖမ်းဆီးမှုယမန်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ယမန်နေ့ ဧပြီ ၄ ရက် ညနေပိုင်းတွင် မူဆယ်မြို့၊ ကောင်းမူတုံရပ်ကွက်၊ မြို့ရှောင်လမ်းရှိ ဟိုတယ် 68 အနီးရှိ အခင်းဖြစ်ရာ ကျားဖြန့်ရုံသို့ စစ်ကောင်စီတပ်၊ ရဲနှင့် ပြည်သူ့စစ်များက လာရောက် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်ထို့ပြင် ဖမ်းဆီးခံရသူ များပြားပြီး သဲကျောက်တင်(တေပါ)ကားဖြင့်ပါ တင်ဆောင် ဖမ်းဆီးသွားသည်ကို တွေ့ရကြောင်း၊ အဖမ်းခံရသူများတွင် ရန်ကုန်၊ မန္တလေးဘက်မှ မြန်မာ၊ တရုတ်များပါ ပါဝင်သည်ဟု ဟိုနားရပ်ကွက် နေသူတစ်ဦးကလည်း ဆိုသည်။



