ဧပြီ ၅ ရက် မနက် ၅ နာရီခွဲခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် အရှေ့မြို့ပတ်လမ်းပေါ် က KTV နဲ့ ကိုယ်ပိုင်ကျောင်းတစ်ခုရှေ့မှာ အမျိုးသမီးငယ်တစ်ဦး အဝတ်အစားတွေမပါဘဲ သေဆုံးနေကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။အဆိုပါရုပ်အလောင်းနဲ့ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးပါဘူး။ အခင်းဖြစ်ပွားရာနေရာဟာ လူနေကျဲပါးပြီး မကြာခဏ လုယက်မှုတွေဖြစ်ပွားလေ့ရှိကြောင်း၊ မနေ့ကပဲ အဆိုပါအခင်းဖြစ်ပွားရာနဲ့မနီးမဝေးက ရဲမွန်တောင်ရပ်ကွက်ထဲမှာ သုံးဘီးယာဥ်တစ်စီး ဓားထိုးလုယက်ခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။



