ယနေ့ ဧပြီလ ၅ ရက် နံနက် ၁၂ နာရီခန့်မှ စတင်ကာ သင်္ကြန်ကာလရုံးပိတ်ရက်များအတွက် ခရီးသွားလာရန် စနစ်အတွင်းသို့ ဝင်ရောက်၍ ရထားလက်မှတ်ဝယ်ယူသူ အလွန်များပြားခဲ့ရာ စနစ် Delay ဖြစ်ခြင်းနှင့် ငွေပေးချေပြီးသော်လည်း လက်မှတ်မရရှိခြင်းများ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဥ်များဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ထို့ကြောင့် မြန်မာ့မီးရထား၏ ORTP Team မှ စနစ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သည့် System Error များကိုအမြန်ဆုံးပြင်ဆင်လျက်ရှိရာ ငွေပေးချေမှုအောင်မြင်ပြီး လက်မှတ်မရရှိသူများ၊ အကြိမ်ကြိမ်ငွေပေးချေမှုပြုလုပ်ပြီး လက်မှတ်မရရှိသူအားလုံးကို ပြန်လည်ငွေပေးချေခြင်းတို့ အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးသွားမည်ကြောင်း သိရသည်။ရထားဖြင့် ခရီးသွားလာမည့်သူများ ရထားလက်မှတ်ဝယ်ယူရာ၌ အဆင်ပြေစေရန် မြန်မာ့မီးရထားမှ ORTP (Online Railways Ticketing & Payment) စနစ်ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။



