မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ပြည်သူ့ဆေးရုံမှာ အပူဒါဏ်အန္တရာယ်ခံစားရတဲ့လူနာတွေကို လက်ခံကုသ ပေးမယ့်နေရာတွေကြိုတင်စီစဉ်တာ၊ ဆေးနဲ့ဆေးပစ္စည်းတွေကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိတာတွေကို လုပ်ဆောင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။ဒါ့အပြင် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိစေရေးအတွက် အပူဒါဏ်အန္တရာယ်လူနာတွေကို အရေးပေါ်ကုသမှု ပေးရာမှာ ကုသမှုလုပ်ငန်းလမ်းညွှန်နဲ့အညီ ဆောင်ရွက်ဖို့အတွက် လေ့ကျင့်မှုတွေဆောင်ရွက်တာအပါအဝင် အပူဒဏ်အန္တရာယ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ကာကွယ်ကုသရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။လက်ရှိမှာ ပူပြင်းတဲ့ နွေရာသီကာလကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် အပူဒါဏ်အန္တရာယ် ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အပူဒါဏ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောဂါတွေနဲ့ ပြည်သူ့ဆေးရုံတွေကို လာရောက်ပြသကြတဲ့ လူနာတွေကိုလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင် ဆင်မှုတွေဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။
| 11 | 0 | 0 | 0 |


