ထိုင်းနိုင်ငံ၏ e-Work Permit စနစ်ချို့ယွင်းမှုကြောင့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၁ သန်းခန့် အထောက်အထားမဲ့ဖြစ်သွားရ

Apr 05 • 6:30 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၏ e-Work Permit စနစ်ချို့ယွင်းမှုကြောင့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၁ သန်းခန့် အထောက်အထားမဲ့ဖြစ်သွားရ

ထိုင်းနိုင်ငံ၏ e-Work Permit အွန်လိုင်းစနစ် ချို့ယွင်းမှုနှင့် ဌာနဆိုင်ရာအချင်းချင်း အချက်အလက်ချိတ်ဆက်မှု အားနည်းချက်များကြောင့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်...

ထိုင်းနိုင်ငံ၏ e-Work Permit အွန်လိုင်းစနစ် ချို့ယွင်းမှုနှင့် ဌာနဆိုင်ရာအချင်းချင်း အချက်အလက်ချိတ်ဆက်မှု အားနည်းချက်များကြောင့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၁ သန်းနီးပါးမှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ကာ အလိုအလျောက် အထောက်အထားမဲ့ ဖြစ်သွားခဲ့ရကြောင်း သိရသည်။ အလုပ်သမားများသည် သတ်မှတ်ရက်ဖြစ်သည့် မတ်လ ၃၁ ရက်အတွင်း သက်တမ်းတိုးရန် ကြိုးပမ်းခဲ့ကြသော်လည်း အစိုးရ၏ ဆာဗာခဏခဏကျခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဌာနသို့ အချက်အလက်မရောက်ရှိခြင်းတို့ကြောင့် မှတ်ပုံတင်ရန် မဖြစ်နိုင်သလောက် ခက်ခဲခဲ့ခြင်းဖြစ်သည်။ ချွန်ဘူရီခရိုင် ပြည်သူ့ပါတီ (People’s Party) အမတ် ခွန်စဟတ်က ဧပြီလ ၂ ရက်နေ့ လွှတ်တော်သတင်းစာရှင်းလင်းပွဲတွင် ဤအခြေအနေကို ထောက်ပြခဲ့ပြီး၊ အလုပ်သမားများ ငွေညှစ်ခံရမည့်အန္တရာယ်မှ ကာကွယ်ရန် သက်တမ်းတိုးကာလ ထပ်မံသတ်မှတ်ပေးရန်နှင့် လက်တွေ့မကျသော e-Work Permit စနစ်ကို ပြင်ဆင်ရန် အလုပ်သမားဝန်ကြီးဌာနသို့ တိုက်တွန်းထားကြောင်း သိရှိရပါသည်။

news-view-count-icon

6