ပရိုတင်းဖြည့်စွက်ဆေးများ နေ့စဉ်သုံးစွဲပါက အသက် ၆၀ နှင့်အထက် သက်ကြီးပိုင်းများ၏ မှတ်ဉာဏ်ကို မြှင့်တင်ပေးနိုင်ကြောင်း ဗြိတိန် သုတေသနပညာရှင်များက ပြောကြားပါတယ်။လန်ဒန်ဘုရင့်ကောလိပ်မှ သုတေသနပညာရှင်များ၏အဆိုအရ Inulin နှင့် Fructo oligosaccharide (FOS) ခေါ် ပရိုတင်း ဖြည့်စွက်ဆေးများဟာ သက်ကြီးပိုင်းများ၏ မှတ်ဉာဏ်ကို မြှင့်တင်ပေးနိုင်တာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ပညာရှင်များဟာ အသက် ၆၀ အရွယ် သက်ကြီးပိုင်း ၆၀ ဦးကျော်ကို Inulin နှင့် FOS ပရိုတင်း ဖြည့်စွက်ဆေးများ၏ အာနိသင်ကို လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပြီး စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ စမ်းသပ်မှုကာလ ၃ လအတွင်း Inulin နှင့် FOS ပရိုတင်းဖြည့်စွက်ဆေး သုံးစွဲသူများ၏ မှတ်ဉာဏ်စွမ်းအားမှာ မသုံးစွဲသူများထက် ပိုမိုကောင်းမွန်လာသည်ကို တွေ့ရတယ်လို့လည်း သိရပါတယ်။
Inulin နှင့် FOS ပရိုတင်းဖြည့်စွက်ဆေးများကြောင့် အစာခြေလမ်းကြောင်းစနစ်အတွင်းရှိ အကျိုးပြု ဘက်တီးရီးယားတစ်မျိုးဖြစ်သော Bifidobacterium ခေါ် ဘက်တီးရီးယားတစ်မျိုး စုဖွဲ့မှုအားကောင်း လာတတ်ကြောင်း သုတေသနပညာရှင်များက ဆိုထားပါတယ်။



