မွန်ပြည်နယ်၊မော်လမြိုင်မှာ လမ်းပိတ်ကာ သင်္ကြန်မဏ္ဍပ် စဆောက်နေပြီဖြစ်

Apr 05 • 3:25 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊မော်လမြိုင်မှာ လမ်းပိတ်ကာ သင်္ကြန်မဏ္ဍပ် စဆောက်နေပြီဖြစ်

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် ကမ်းနားလမ်းတစ်လျှောက် လမ်းပိတ်ကာ သင်္ကြန်မဏ္ဍပ် စတင်ဆောက်လုပ်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။ ...

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် ကမ်းနားလမ်းတစ်လျှောက် လမ်းပိတ်ကာ သင်္ကြန်မဏ္ဍပ် စတင်ဆောက်လုပ်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။ ဧပြီ ၄ ရက်နေ့ မနက်ပိုင်းကစလို့ ကမ်းနားလမ်းပိုင်းအပါအဝင် ကျိုက်သလ္လံ ဘုရားလမ်းကနေ မောရဝတီပန်းခြံလမ်းအထိ လမ်းပိုင်းတချို့ကို ယာပီပိတ်သိမ်းပြီး မဏ္ဍပ်တွေ ဆောက်လုပ်နေတာပါ။သင်္ကြန်ပွဲတော်ကာလအတွင်း စက်သုံးဆီ ချွေတာဖို့ လမ်းလျှောက်သင်္ကြန်ကို အဓိက ဦးစားပေး လုပ်ဆောင်နေပြီး ဖျော်ဖြေရေးအနေနဲ့ ဗဟိုမဏ္ဍပ် အပါအဝင် ဌာနဆိုင်ရာ မဏ္ဍပ်တချို့လည်း ပါဝင်မှာ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ဒါ့အပြင် သင်္ကြန်ပွဲတော်စည်ကားဖို့အတွက် ရေကစား မဏ္ဍပ်တွေလည်း ဆောက်လုပ်နေပြီး လမ်းလျှောက်သင်္ကြန် အပြင် သနပ်ခါး သင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်တွေကိုပါ ပွဲတော်ကာလအတွင်း ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

news-view-count-icon

10