back

မြို့ကြီးများနှင့်နယ်ဒေသများအကြား စက်သုံးဆီဈေးနှုန်း အဆမတန်ကွာဟမှုကြောင့် တောင်သူများ အခက်ကြုံနေရ

Apr 05 • 2:29 AM

breaking-news

Myanmar

Local

cover

မြို့ကြီးများနှင့်နယ်ဒေသများအကြား စက်သုံးဆီဈေးနှုန်း အဆမတန်ကွာဟမှုကြောင့် တောင်သူများ အခက်ကြုံနေရ

မြန်မာနိုင်ငံအတွင်း မြို့ကြီးများနှင့် နယ်ဒေသများအကြား စက်သုံးဆီဈေးနှုန်း ကွာဟချက်မှာ ၃ ဆခန့်အထိ မြင့်တက်နေပြီး ယင်းအခြေအနေကြောင့် စိုက်ပျိုးရေးတောင်သူများ လုပ်...

မြန်မာနိုင်ငံအတွင်း မြို့ကြီးများနှင့် နယ်ဒေသများအကြား စက်သုံးဆီဈေးနှုန်း ကွာဟချက်မှာ ၃ ဆခန့်အထိ မြင့်တက်နေပြီး ယင်းအခြေအနေကြောင့် စိုက်ပျိုးရေးတောင်သူများ လုပ်ငန်းခွင်အတွင်း ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။တောင်ကြီးမြို့ရှိ ဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ခန့်ဖြင့် တန်းစီဝယ်ယူနိုင်သော်လည်း ဆတ်သေ/မြေမဲဒေသများတွင် တစ်လီတာလျှင် ကျပ် ၁၅,၀၀၀ အထိ ပေးပြီးဝယ်ယူနေရကြောင်း သိရသည်။

အထူးသဖြင့် စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သော ဒီဇယ်ဈေးနှုန်းမှာ တစ်ဂါလံလျှင် ကျပ် ၆၀,၀၀၀ အထိ မြင့်တက်နေခြင်းဖြစ် သည်။ ဆီဈေးနှုန်း အဆမတန် မြင့်တက်ရုံသာမကဆတ်သေ၊မြေမဲကျေးရွာတွင် ဝယ်ယူရန်ပါ ခက်ခဲနေသဖြင့် တောင်သူအများစုမှာ ယခုအချိန်ထိ ခြံမြေထွန်ယက်ခြင်းလုပ်ငန်းများကို မစတင်နိုင်ဘဲ ရပ်နားထားရသည်။ဆတ်သေ၊ မြေမဲကျေးရွာအိမ်ခြေအနည်းစုသာဂနိုင်ရေထွက်တွင်ရေပိုက်သွယ်ရေအသုံးပြုနိုင်ကြပြီး အများစုရေရရှိရန် အဝီစိတွင်းများကို ဒီဇယ်စက်ဖြင့်နိုး၍ အဓိကအားထားနေရပါသည်။ရေရရှိရေးနှင့်လာမဲ့စိုက်ပျိုးရေးရာသီ ဆီလိုအပ်ချက်မှာ အလွန်မြင့်မားနေပြီး စရိတ်စကမှာ မနိုင်ဝန်ဖြစ်နေသည်။

news-view-count-icon

18