ဧပြီလ ၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်အတွင်းရှိ လမ်းမပေါ်တွင် မော်တော်ယာဉ်ဖြင့် စက်သုံးဆီများ တရားမဝင် ရောင်းချနေကြောင်း သတင်းအရ စစ်ကိုင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာ မြို့သစ် ရပ်ကွက်၊ ရဲတံခွန်သင်္ကန်းတိုက်အနီးရှိ လမ်းမပေါ်တွင် မုံရွာမြို့နယ်၊ ခတက္ကန်တောင်ကျေးရွာနေ ဇင်မောင်ဦး(၄၂)နှစ်သည် မောင်းနှင်သည့် MDY-16 3L-xxxx HONDA FIT ခရီးသည်တင်ယာဉ်ပေါ်တွင် တရားမဝင်သယ်ဆောင်လာသည့် RON 92 အမျိုးအစား ၄ ဂါလံခန့်ပါ အဝါရောင် ကော်ပုံး ၄ ပုံး (ဓာတ်ဆီ 92 ၁၆ ဂါလံ)၊ ၂ ဂါလံခန့်ပါ အဝါရောင် ကော်ပုံး ၁ ပုံး (ဓာတ်ဆီ 92 ၂ ဂါလံ)၊ စုစုပေါင်း ဓာတ်ဆီ 92 ၁၈ ဂါလံအား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဇင်မောင်ဦးအား စစ်ကိုင်းမြို့မရဲစခန်း (ပ)၁၁၄/၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။



