ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်၊ရွှေသမင်ကျေးရွာတွင် ဧပြီလ ၃ ရက် ညနေ ၃ နာရီမိနစ် ၂၀ ခန့်ကဦးလှအေး ဆိုသူမောင်လာသည့်ထော်လာဂျီတိမ်းမှောက်တက်ကြိတ် မှုကြောင့် ထော်လာဂျီပေါ်ပါလာသည့်အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းတာဝန်ရှိသူများထံမှသိရသည်။အဆိုပါ လော်လာဂျီတိမ်းမှောက်တက်ကြိတ်မှုကြောင့် သေဆုံးသူသည်ဆယ်ကျော်သက်အရွယ်ဇင်မင်းခန့်ဆို
သူလူငယ်ဖြစ်ပြီးလော်လာဂျီနောက်ဝဲဘက်ဘီးဖြင့်တက် ကြိတ်မှုကြောင့် ဝဲဘက်နားထင်ပိန်ချိုင့်ဒဏ်ရာ၊ယာဘက် နားထင်ရိုးကျိုးဒဏ်ရာ၊ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ် ရာ၊နှာခေါင်းရိုးကျိုးဒဏ်ရာ၊ဝဲဘက်ပါးပွန်းခြစ်ဒဏ်ရာ၊ဝဲ၊ယာ နားသွေးထွက်ဒဏ်ရာများရရှိပြီးအခင်းဖြစ်နေရာတွင်
သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီ ထော်လာဂျီယာဉ်မောင်း လှအေးကို မြန်အောင်မြို့နယ်၊အင်ပင်နယ်မြေရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့်ယာဉ်(ပ)၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



