back

မန္တလေးက စက်သုံးဆီဆိုင်ကြီးများတွင် တန်းစီဝယ်ယူနေသည့် ယာဉ်စီးရေ လျော့နည်းလာသဖြင့် ဝယ်ရ လွယ်ကူအဆင်ပြေလာ

Apr 04 • 12:52 PM

breaking-news

Myanmar

Mandalay

cover

မန္တလေးက စက်သုံးဆီဆိုင်ကြီးများတွင် တန်းစီဝယ်ယူနေသည့် ယာဉ်စီးရေ လျော့နည်းလာသဖြင့် ဝယ်ရ လွယ်ကူအဆင်ပြေလာ

ယခုရက်ပိုင်း မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် တန်းစီစောင့်ဆိုင်းရသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်အရေအတွက်မှာ သိသာစွာလျော့နည်းသွားသဖြင့် စက်သုံးဆ...

ယခုရက်ပိုင်း မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် တန်းစီစောင့်ဆိုင်းရသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်အရေအတွက်မှာ သိသာစွာလျော့နည်းသွားသဖြင့် စက်သုံးဆီဝယ်ယူရ အဆင်ပြေလာကြောင်း မြို့ခံများထံမှ သိရသည်။ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်အတွင်းက အရောင်းဆိုင်ကြီးရှေ့တွင် စက်သုံးဆီဝယ်ယူခွင့်ရရှိရေးအတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ကြရသည်။လက်ရှိ စက်သုံးဆီ‌အရောင်းဆိုင်ကြီးများ၌ ဝန်ထမ်းအင်အားတိုးချဲ့ကာ ဆီပန့်အကုန်သုံး၍ ရောင်းချခြင်း၊ လိုင်စင်မဲ့ ယာဉ်များအား မရောင်းချ‌ပဲ ကန့်သတ်ခြင်း၊ ယာဉ်တစီးချင်းစီအတွက် စက်သုံးဆီ ပမာဏကိုသတ်မှတ်၍ ရောင်းချပေးသည့်စနစ်သို့ အဆင့်မြှင့်တင်လိုက်ခြင်းတို့ကြောင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရမှုများ သိသာစွာ လျော့နည်းလာခြင်းဖြစ်သည်။




news-view-count-icon

17