back

မော်လမြိုင်တွင် အလှည့်ကျ လျှပ်စစ်ဖြန့်ဖြူးသည့် အချိန်ဇယား ထုတ်ပြန်ပေးရန် ဒေသခံများမျော်လင့်လျှက်ရှိ

Apr 04 • 8:47 AM

breaking-news

Myanmar

Mon

cover

မော်လမြိုင်တွင် အလှည့်ကျ လျှပ်စစ်ဖြန့်ဖြူးသည့် အချိန်ဇယား ထုတ်ပြန်ပေးရန် ဒေသခံများမျော်လင့်လျှက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မတ်လကုန်ပိုင်းမှစတင်ကာ လျှပ်စစ်ဓာတ်အား ပြင်းထန်စွာပြတ်တောက်နေသော်လည်း အလှည့်ကျဓာတ်အားဖြန့်ဖြူးပေးမည့် အချိန်ဇယားကို တိကျစွာထုတ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မတ်လကုန်ပိုင်းမှစတင်ကာ လျှပ်စစ်ဓာတ်အား ပြင်းထန်စွာပြတ်တောက်နေသော်လည်း အလှည့်ကျဓာတ်အားဖြန့်ဖြူးပေးမည့် အချိန်ဇယားကို တိကျစွာထုတ်ပြန်ပေးခြင်းမရှိသဖြင့် ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ လက်ရှိတွင် မော်လမြိုင်မြို့၌ တစ်ရက်လျှင် လျှပ်စစ်မီး ၄ နာရီမှ ၆ နာရီခန့်သာ ရရှိနေပြီး မီးလာမည့်အချိန်ကို ကြိုတင်မသိရှိရသဖြင့် အလုပ်အကိုင်များကို အချိန်ဇယားဆွဲ၍ လုပ်ကိုင်ရန် ခက်ခဲနေခြင်းဖြစ်သည်။ အခြားမြို့နယ်အချို့တွင် အချိန်ဇယားများ ထုတ်ပြန်ထားသော်လည်း မော်လမြိုင်တွင် ထုတ်ပြန်ပေးခြင်းမရှိသည့်အပြင် စက်သုံးဆီဝယ်ယူရန် ခက်ခဲနေမှုကြောင့် မီးစက်အသုံးပြုရန်လည်း အဆင်မပြေဖြစ်နေကြောင်း ညောင်ပင်ဆိပ်စက်မှုဇုန်မှ လုပ်ငန်းရှင်များက ပြောကြားထားသည်ဟု သိရှိရပါသည်။

news-view-count-icon

15