အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ယမန်နေ့က အယ်လ်နိုင်မာအသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဆော်ဒီလိဂ် ပွဲအရေအတွက် ၁၀၀ ပြည့်မြောက်သွားခဲ့ပြီဖြစ်သည်။ တံကောက်ကြောဒဏ်ရာကြောင့် တစ်လကျော်အနားယူခဲ့ရပြီးနောက် ပထမဆုံးပြန်လည်ကစားသည့် ဤပွဲတွင် ရော်နယ်လ်ဒိုသည် ပယ်နယ်တီတစ်ဂိုးအပါအဝင် နှစ်ဂိုး သွင်းယူပေးခဲ့သည်။ ၎င်းသည် ဆော်ဒီလိဂ်ပွဲ ၁၀၀ အတွင်း ၉၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ယခုရာသီတွင်လည်း ၂၃ ဂိုးဖြင့် ဂိုးသွင်းအများဆုံးစာရင်း၌ တတိယနေရာတွင် ရှိနေသည်။ ဤသွင်းဂိုးများကြောင့် ရော်နယ်လ်ဒို၏ ကစားသမားဘဝ သွင်းဂိုးစုစုပေါင်းမှာ ၉၆၇ ဂိုးအထိ ရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။
Apr 04 • 8:42 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


