ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများရိုးရာသင်္ကြန် (အကြို)ပွဲကျင်းပနေ

Apr 04 • 7:57 AM

breaking-news

Myanmar

Local

breaking-news
cover

ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများရိုးရာသင်္ကြန် (အကြို)ပွဲကျင်းပနေ

ဒီ‌နေ့ဧပရယ် (၄) ရက်နေ့မှာတော့ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများရိုးရာသင်္ကြန် (အကြို)ပွဲကို ကိုးမိုင်ရှမ်းကျောင်းမှာကျင်းပခဲ့ပါတယ်။အခုကျင်းပတဲ့ ရန်ကုန်ရောက် ရှ...

ဒီ‌နေ့ဧပရယ် (၄) ရက်နေ့မှာတော့ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများရိုးရာသင်္ကြန် (အကြို)ပွဲကို ကိုးမိုင်ရှမ်းကျောင်းမှာကျင်းပခဲ့ပါတယ်။အခုကျင်းပတဲ့ ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများရိုးရာသင်္ကြန် (အကြို)ပွဲဟာဆိုရင် တတိယအကြိမ်မြောက်ပွဲဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကြိမ်က ကန်တော်ကြီးထဲမှာကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ဘုရားရိပ်တရားရိပ်နဲ့ ရှမ်းကျောင်းမှာ ကျင်းပတာဖြစ်ပါတယ်"လို့ ရန်ကုန်တိုင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌဦးစိုင်းယီကျော်ကပြောပါတယ်။ရှမ်းသင်္ကြန်မှာ Live Music နဲ့အတူ ပီပီနောင့်နောင့်တို့ကို သီဆိုဖျော်ဖြေမယ့် Artist တွေကတော့ ထျန်လျောဝ်း၊ စိုင်းလုံဝမ်း၊ စိုင်းလုံ၊ စိုင်းစည်တွမ်ခမ်း၊ The Sai၊ Henry San၊ စိုင်းလောဝ်လျန်း၊ နန်းမိုမိုခမ်းအေး ၊နန်းအိမ့်ခမ်း၊ နန်းဆုဦး၊ ဆိုင်စံ၊မောက်ကွန်၊ မေလသံစဥ်နဲ့ Kar Karတို့က ဖျော်ဖြေမှာဖြစ်ပြီး cherry fmက liveလွှင့်တင်ဆက်မှာဖြစ်တယ်လို့ဆိုပါတယ်။

တီးခတ်ပံ့ပိုးပေးမယ့် Music Band က VERSION MUSIC BAND ဖြစ်စ်ပြီး Live Sound အပြည့်နဲ့ Stage ကို ပိုမိုအသက်ဝင်စေမှာဖြစ်ပါတယ်။

Live music အပြင် ရှမ်းအိုးစည်အက၊ ကိန္နရီ ကိန္နရာ အကနဲ့ ရှမ်းတိုင်းရင်းတို့ရဲ့ ရိုးရာအက အလှတွေနဲ့လည်း တင်ဆက်ကပြသွားမှာဖြစ်ပြီး ရှမ်းရိုးရာအစားအစာစတုဒိသာကျွေးတာနဲ့ရှမ်းဝတ်စုံတွေရောင်းချတာတွေဆောင်ရွက်ခဲ့ပါတယ်။

news-view-count-icon

46