နေ့လယ် ၁၁ နာရီ ၅၅ မိနစ်လောက်မှာတောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၁)၊ အောင်သပြေလမ်းရှိ လျှပ်စစ်ထရန်စဖော်မာတွင် ယနေ့ ဧပြီလ ၃ ရက်၊ နေ့လယ်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။၃၁၅ ဗို့ရှိ တောင်ကြီးမြိုနယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနပိုင် လျှပ်စစ်ထရမ်စဖော်မာ၏ ကေဘယ် ကြိုးရှော့ဖြစ်ရာမှတစ်ဆင့် ထရမ်စဖော်မာမိန်းခုံနှင့် အနီးရှိ အမှိုက်များအား မီး လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုကို မီးသတ်ဦးစီးဌာန၊ တောင်ကြီးမြိုနယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လျှပ်စစ်ထရန်စဖော်မာ ကာလ တန်ဖိုးငွေ သိန်း ၇၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး အနီးရှိ လူနေအိမ်များနှင့် လူ/တိရိစ္ဆာန် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။



