တရုတ်နိုင်ငံသည် ဧပြီလ ၂ ရက်နေ့တွင် အရှေ့အလယ်ပိုင်းတွင် အပစ်အခတ်ရပ်စဲပြီး ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းရန် အနောက်နိုင်ငံများနှင့် စကားပြောဆိုကာ ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို အနှောင့်အယှက်ဖြစ်စေသော စစ်ပွဲကို အဆုံးသတ်ရန် သံတမန်ရေးရာ ကြိုးပမ်းမှုများကို ချဲ့ထွင်ရန် တောင်းဆိုခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရီသည် ဥရောပသမဂ္ဂ၏ ထိပ်တန်းသံတမန် မစ္စ ကာဂျာ ခါလက်စ်နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုဟန်ဝါဒီဖူလ်တို့နှင့် သီးခြားစီ ဖုန်းခေါ်ဆိုကာ အရှေ့အလယ်ပိုင်း အခြေအနေကို ဆွေးနွေးခဲ့သည်။
အပစ်အခတ်ရပ်စဲရေးသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာရာတွင် ဘေးကင်းစေရန် အဓိကသော့ချက်ဖြစ်ကြောင်း မစ္စတာဝမ်က မစ္စကာလက်စ်ကို ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


