back

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

Apr 03 • 4:46 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ နေအိမ်တစ်လုံးတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ နံနက်အစောပိုင်း ၀၁:၃၀ နာရီအချိန်ခန့်က မီ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ နေအိမ်တစ်လုံးတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ နံနက်အစောပိုင်း ၀၁:၃၀ နာရီအချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ မီးလောင်မှုသတင်းအရ ကလေးခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၀၂:၀၀ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

news-view-count-icon

10