back

အီရန်တွင် ဒုံးကျည်ပစ်လွှတ်နိုင်စွမ်း အများအပြား ကျန်ရှိနေသေးကြောင်း အမေရိကန် ထောက်လှမ်းရေး အကဲဖြတ်ချက်အရ သိရ

Apr 03 • 4:38 AM

breaking-news

Myanmar

International

cover

အီရန်တွင် ဒုံးကျည်ပစ်လွှတ်နိုင်စွမ်း အများအပြား ကျန်ရှိနေသေးကြောင်း အမေရိကန် ထောက်လှမ်းရေး အကဲဖြတ်ချက်အရ သိရ

အမေရိကန်နှင့် အစ္စရေးတို့က အီရန်ရှိ စစ်ရေးပစ်မှတ်များကို ငါးပတ်ကြာ အပြင်းအထန် တိုက်ခိုက်နေသော်လည်း အီရန်၏ ဒုံးကျည်ပစ်စင် ထက်ဝက်ခန့်နှင့် အသေခံဒရုန်း ထောင်ပေါင်း...

အမေရိကန်နှင့် အစ္စရေးတို့က အီရန်ရှိ စစ်ရေးပစ်မှတ်များကို ငါးပတ်ကြာ အပြင်းအထန် တိုက်ခိုက်နေသော်လည်း အီရန်၏ ဒုံးကျည်ပစ်စင် ထက်ဝက်ခန့်နှင့် အသေခံဒရုန်း ထောင်ပေါင်းများစွာမှာ မပျက်မစီးဘဲ ကျန်ရှိနေသေးကြောင်း CNN သို့ ပေါက်ကြားလာသည့် အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာများအရ သိရသည်။ အဆိုပါအစီရင်ခံစာတွင် အီရန်သည် ၎င်း၏လက်နက်များကို ဆယ်စုနှစ်နှင့်ချီ၍ ပြင်ဆင်ထားသော မြေအောက်ဥမင်လိုဏ်ခေါင်းများနှင့် လှိုဏ်ဂူကွန်ရက်များအတွင်း ဝှက်ထားနိုင်ခြင်း၊ ရွေ့လျားပစ်စင်များကို အသုံးပြုခြင်းတို့ကြောင့် ဖျက်ဆီးရန် ခက်ခဲနေပြီး ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ခြိမ်းခြောက်နိုင်စွမ်းရှိနေကြောင်း ဖော်ပြထားသည်။ ဤအချက်သည် သမ္မတ ဒေါ်နယ်ထရန့်၏ "စစ်ရေးအရ အောင်ပွဲခံပြီ" ဆိုသော ပြောကြားချက်များနှင့် ကွဲလွဲနေသော်လည်း အိမ်ဖြူတော်နှင့် ပင်တဂွန်ကမူ ဤသတင်းမှာ မှားယွင်းကြောင်းနှင့် အီရန်၏ တိုက်ခိုက်နိုင်စွမ်း ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီဖြစ်ကြောင်း တုံ့ပြန်ထားသည်။ စစ်ရေးဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ အဆိုအရ ပစ်မှတ်ပေါင်း ၁၂,၃၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး အီရန်ခေါင်းဆောင်ကြီး အလီခါမေနီအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အချို့ကို သုတ်သင်နိုင်ခဲ့သော်လည်း အီရန်၏ ဒေသတွင်းဖျက်ဆီးနိုင်စွမ်းမှာ လုံးဝဥဿုံ ပျက်စီးသွားခြင်း မရှိသေးကြောင်း သိရှိရပါသည်။

news-view-count-icon

14