back

သင်္ကြန်တွင်း၌ ရန်ကုန်မြို့ပတ်ရထားများကို ခေတ္တရပ်နားထားမည်

Apr 03 • 4:22 AM

breaking-news

Myanmar

Yangon

cover

သင်္ကြန်တွင်း၌ ရန်ကုန်မြို့ပတ်ရထားများကို ခေတ္တရပ်နားထားမည်

သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသည့် ရန်ကုန်မြို့ပတ်ရထားများကို ခေတ္တရပ်နားထားမည်ဟု မြန်မာ့မီးရထားမှ သိရသည်။ထို့ကြောင့် ရန်ကုန်မြို့...

သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသည့် ရန်ကုန်မြို့ပတ်ရထားများကို ခေတ္တရပ်နားထားမည်ဟု မြန်မာ့မီးရထားမှ သိရသည်။ထို့ကြောင့် ရန်ကုန်မြို့ပတ်ရထားများကိုလည်း ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ခေတ္တရပ်နားထားမည်ဖြစ်သည်။ထို့အတူ ရန်ကုန်-ပုဂံလမ်းပိုင်း၌ အမှတ် (၆၁) အဆန်၊ (၆၂) အစုန် ရန်ကုန်-ပျဉ်းမနား-ပုဂံခရီးစဉ်ရထားများကို ဧပြီ ၁၄ ရက်မှ ၂၀ ရက်အထိ ပြေးဆွဲမှုခေတ္တရပ်နားထားမည်လည်း ဖြစ်သည်။သို့သော် ရထားခရီးစဉ်အားလုံး ဧပြီ ၁၇ ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

9