သင်္ကြန်ပိတ်ရက်ကာလ
အတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန် မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် လမ်းပိုင်းများအပါအဝင် နိုင်ငံတစ်ဝန်းရှိ လူစီးရထားများကို နေ့စဉ်ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရှုခင်းကြည့်ရထားများလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။အဆိုပါကာလအတွင်း ရန်ကုန်-မန္တလေးလမ်းပိုင်းတွင်အမှတ် (၁၁) အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထား၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမှတ်(၈၁)အဆန်နှင့် အမှတ်(၈၂)အစုန် လူစီးအမြန်ရထားများ၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမှတ်(၆၃)အဆန်၊ အမှတ်(၆၄)အစုန် လူစီးစာပို့ရထားတို့ကို ပြေးဆွဲပေးမည်ဖြစ်သည်။


