back

တနင်္သာရီကမ်းရိုးတန်းတွင် ကမ်းဝေးငါးဖမ်းရာသီ ဧပြီ ၁ ရက်မှစတင်ကာ ၃ လ ရပ်နား

Apr 02 • 8:11 AM

breaking-news

Myanmar

Tanintharyi

breaking-news
cover

တနင်္သာရီကမ်းရိုးတန်းတွင် ကမ်းဝေးငါးဖမ်းရာသီ ဧပြီ ၁ ရက်မှစတင်ကာ ၃ လ ရပ်နား

တနင်္သာရီတိုင်းဒေသကြီးရှိ ကမ်းရိုးတန်းဒေသများတွင် ကမ်းဝေးငါးဖမ်းရာသီကို ဧပြီလ ၁ ရက်နေ့မှစတင်ကာ သုံးလကြာ ရပ်နားထားမည်ဖြစ်ကြောင်း မြိတ်မြို့ရှိ ငါးလုပ်ငန်းလုပ်ကို...

တနင်္သာရီတိုင်းဒေသကြီးရှိ ကမ်းရိုးတန်းဒေသများတွင် ကမ်းဝေးငါးဖမ်းရာသီကို ဧပြီလ ၁ ရက်နေ့မှစတင်ကာ သုံးလကြာ ရပ်နားထားမည်ဖြစ်ကြောင်း မြိတ်မြို့ရှိ ငါးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ငါးဖမ်းလုပ်ငန်းရှင်များအနေဖြင့် ယခုနှစ် ငါးဖမ်းရာသီကို တစ်လထပ်တိုးရန် တောင်းဆိုထားသော်လည်း သက်ဆိုင်ရာမှ ဧပြီလ ၁ ရက်နေ့တွင် စတင်ရပ်နားရန်ညွှန်ကြားထားသဖြင့် ကမ်းဝေးငါးဖမ်းလှေများအားလုံး သက်ဆိုင်ရာဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။ဒီနှစ် ငါးသားပေါက်ရာသီကို ဧပြီ၊ မေ၊ ဇွန်လတွေ အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် ကမ်းဝေးငါးဖမ်းလှေကြီးတွေ အားလုံး သုံးလရပ်နားရမှာ ဖြစ်ပါတယ်။ ကမ်းဝေးမှာ ဝါတန်း၊ ဝါလတ်လှေတွေက ရာသီသိမ်းနိုင်ပေမယ့် ပွင့်လင်းရာသီမှာ လုပ်ကိုင်ရတဲ့ ကင်းမွန်လှေတွေ အတွက်တော့ ရာသီသိမ်းတာ စောနေပါတယ်” ဟု မြိတ်မြို့ရှိ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။



news-view-count-icon

28