back

အီရန်တော်လှန်ရေးအစောင့်တပ်အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံရ

Apr 02 • 5:34 AM

breaking-news

Myanmar

International

cover

အီရန်တော်လှန်ရေးအစောင့်တပ်အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံရ

အီရန်နိုင်ငံ၏ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကိုပြည်ပအကြမ်းဖက် အဖွဲ့အစည်း အဖြစ် အာဂျင်တီးနားအစိုးရကသတ်မှတ်လိုက်ကြောင်း မတ် ၃၁ ရက်သတင်းများတွင် ရေးသားတင်ပြ...

အီရန်နိုင်ငံ၏ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကိုပြည်ပအကြမ်းဖက် အဖွဲ့အစည်း အဖြစ် အာဂျင်တီးနားအစိုးရကသတ်မှတ်လိုက်ကြောင်း မတ် ၃၁ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။လက်ဘနွန်နိုင်ငံ အခြေစိုက်ဟစ်ဇ်ဘိုလာအုပ်စုအား အားပေးကူညီနေသော အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ကို ပြည်ပအကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြောင်း အာဂျင်တီးနား သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။ဟစ်ဇ်ဘိုလာအုပ်စုကို အာဂျင်တီးနားနိုင်ငံ သမိုင်းတစ်လျှောက်အသေအပျောက်အများဆုံး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည့် ၁၉၉၄ ခုနှစ်ဗျူနိုအေးရိစ် အသေခံဗုံးခွဲတိုက်ခိုက်မှု အတွက် တာဝန်ရှိသောအဖွဲ့အစည်းအဖြစ် အာဂျင်တီးနားအစိုးရကသတ်မှတ်ထားသည်။အီရန်တော်လှန်ရေးအစောင့်တပ်ကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် လိုက်ခြင်းဖြင့် ယင်းလက်နက်ကိုင်အဖွဲ့၏လှုပ်ရှားမှုများကို ကန့်သတ်နိုင်မည် ဖြစ်ပြီး ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့မှုများလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။အမေရိကန်အစိုးရ၏ တိုက်တွန်းချက်အရ အီရန်တော်လှန်ရေးအစောင့်တပ်ကို အာဂျင်တီးနားအစိုးရက ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။အီရန်တော်လှန်ရေးအစောင့်တပ်သည် အီရန်၏ ဘာသာရေးခေါင်းဆောင်များ အုပ်ချုပ်မှု စနစ်ကိုအကာအကွယ်ပေးနေသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး အီရန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ထိန်းချုပ်ထားသည်။


news-view-count-icon

21