back

မူးယစ်ဆေးဆက်စပ်ပစ္စည်းများသုံးစွဲခြင်းသည် လေဖြတ်နိုင်ခြေနှစ်ဆကျော်ပိုများစေနိုင်ကြောင်းလေ့လာတွေ့ရှိ

Apr 02 • 3:55 AM

breaking-news

Myanmar

Local

breaking-news
cover

မူးယစ်ဆေးဆက်စပ်ပစ္စည်းများသုံးစွဲခြင်းသည် လေဖြတ်နိုင်ခြေနှစ်ဆကျော်ပိုများစေနိုင်ကြောင်းလေ့လာတွေ့ရှိ

စိတ်အပန်းဖြေတဲ့အနေနဲ့ အသုံးပြုကြတဲ့ ဆေးတွေဟာ လေဖြတ်ခြင်းအန္တရာယ်ကို နှစ်ဆကျော်ပိုများစေတယ်လို့ တွေ့ရှိထားပါတယ်။ လူပေါင်းသန်း ၁၀၀ ကျော်ထံမှ ဆေးဘက်ဆိုင်ရာ အချက်...

စိတ်အပန်းဖြေတဲ့အနေနဲ့ အသုံးပြုကြတဲ့ ဆေးတွေဟာ လေဖြတ်ခြင်းအန္တရာယ်ကို နှစ်ဆကျော်ပိုများစေတယ်လို့ တွေ့ရှိထားပါတယ်။ လူပေါင်းသန်း ၁၀၀ ကျော်ထံမှ ဆေးဘက်ဆိုင်ရာ အချက်အလက်များကို ဆန်းစစ်ကြည့်ရာမှာ ဆေးမသုံးသူတွေနဲ့ယှဉ်ရင် အမ်ဖတမင်းသုံးစွဲသူတွေက လေဖြတ်နိုင်ခြေ ၁၂၂ ရာခိုင်နှုန်း ပိုများပြီး ကိုကိန်းအသုံးပြုသူတွေကတော့ ၉၆ ရာခိုင်နှုန်း ပိုများပါတယ်။ ဆေးရွက်ကြီးအသုံးပြုသူတွေမှာလည်း ၃၇ ရာခိုင်နှုန်းကျော် ပိုများနေကာ ဘိန်းစွဲသူတွေမှာတော့ လေဖြတ်နိုင်ခြေ ပိုများစေတဲ့ အထောက်အထားမျိုး မတွေ့ခဲ့ပါဘူး။ အသက် ၅၅ နှစ်အောက်တွေမှာ အမ်ဖတမင်းသုံးစွဲသူတွေက လေဖြတ်နိုင်ခြေ ၃ ဆနီးပါးပိုများပြီး ကိုကိန်းနဲ့ ဆေးရွက်ကြီးအသုံးပြုသူတွေမှာတော့ ၉၇ ရာခိုင်နှုန်းနဲ့ ၁၄ ရာခိုင်နှုန်းအသီးသီး ပိုများနေပါတယ်။


news-view-count-icon

26