ဂျပန်နိုင်ငံရှိ ထိပ်တန်းကုန်တိုက်ကြီးများ၏ အခွန်လွတ် (Duty-free) ပစ္စည်းအရောင်းနှုန်းသည် မတ်လအတွင်း သိသိသာသာ ပြန်လည်မြင့်တက်လာကြောင်း ဧပြီလ ၁ ရက်နေ့ထုတ် Japan Times သတင်းအရ သိရသည်။ ပြီးခဲ့သည့်လများအတွင်း တရုတ်ခရီးသွားများ လျော့နည်းမှုကြောင့် အရောင်းကျဆင်းခဲ့သော်လည်း၊ ယခုအခါ အခြားနိုင်ငံစုံမှ ခရီးသွားများ (အထူးသဖြင့် တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် အရှေ့တောင်အာရှ) ပိုမိုဝင်ရောက်လာခြင်းက အရောင်းနှုန်းကို ပြန်လည်တွန်းတင်ပေးခဲ့ခြင်းဖြစ်သည်။ Takashimaya ကုန်တိုက်တွင် Duty-free အရောင်း ၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး Daimaru Matsuzakaya တွင် ၁၀.၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။Isetan Mitsukoshi တွင်လည်း ၅.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။ဂျပန်အစိုးရသည် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာလှည့်ခရီးသွား သန်း ၆၀ အထိ ဆွဲဆောင်နိုင်ရန် ရည်မှန်းထားပြီး၊ ယခုကဲ့သို့ အရောင်းနှုန်း ပြန်လည်ကောင်းမွန်လာခြင်းသည် ဂျပန်လက်လီကဏ္ဍအတွက် အလားအလာကောင်းတစ်ခု ဖြစ်နေသည်။ သို့သော်လည်း လာမည့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ဂျပန်နိုင်ငံ၏ အခွန်လွတ်စနစ်မှာ လက်ရှိ "ချက်ချင်းလျှော့ဈေးပေးသည့်စနစ်" မှ "လေဆိပ်ရောက်မှ အခွန်ပြန်အမ်းငွေထုတ်ယူရမည့်စနစ်" သို့ ပြောင်းလဲမည်ဖြစ်သဖြင့် ခရီးသွားများအနေဖြင့် သတိပြုရန်လိုအပ်ကြောင်းလည်း သတင်းတွင် ဖော်ပြထားပါသည်။
ဂျပန်ကုန်တိုက်ကြီးများ၏ Duty-free အရောင်းနှုန်းများ တောင်ကိုရီးယားနှင့် တရုတ်ခရီးသွားများကြောင့် ပြန်လည်ဦးမော့လာ
Apr 02 • 3:04 AM
Japan
Local News
Share
| 8 | 0 | 0 | 0 |


