ရှမ်းပြည်နယ်၊ဝါးတောရွာတွင် ပအိုဝ်းရိုးရာရှင်လောင်းပွဲကို စည်းကားသိုက်မြိုက်စွာကျင်းပ

Apr 02 • 3:01 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ဝါးတောရွာတွင် ပအိုဝ်းရိုးရာရှင်လောင်းပွဲကို စည်းကားသိုက်မြိုက်စွာကျင်းပ

အထူးဒေသ (၆) ၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လွယ်မော်ကျေးရွာအုပ်စု၊ ဝါးတောရွာတွင် ပအိုဝ်းရိုးရာ ရှင်လောင်းပွဲကို...

အထူးဒေသ (၆) ၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လွယ်မော်ကျေးရွာအုပ်စု၊ ဝါးတောရွာတွင် ပအိုဝ်းရိုးရာ ရှင်လောင်းပွဲကို စည်းကားစွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ တပေါင်းလဆန်း (၁၂)ရက်နေ့တွင် ရှင်လောင်းတပည့်များစုဝေးကြိုဆိုခဲ့ကြပြီး၊ တပေါင်းလဆန်း (၁၃)ရက်နေ့(၃၀.၃.၂၀၂၆)တွင် ရပ်ရွာတွင်းသို့ ရှင်လောင်းမောင်ရင်လောင်းလေးများနှင့် ရှင်လောင်းတပြည့်များလှည့်လည်ခဲ့ကြကြောင်းသိရသည်။ဆက်လက်၍ တပေါင်းလဆန်း(၁၄)ရက်နေ့ (၃၁.၃.၂၀၂၆)တွင် ဖိတ်ကြားထားသော ဧည့်သည်များအား ကြိုဆိုခဲ့ကြပြီးနောက် ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံ ခဲ့ကြပီး တပေါင်းလဆန်း (၁၅)ရက်နေ့(၁.၄.၂၀၂၆)တွင် ရှင်လောင်းတပည့်များ၊မောင်ရင်လောင်းလေးများ၊ ရှင်လောင်းမိဘများ စုဝေးကာ ဝါးတောရွာဘုန်းကြီးကျောင်းသို့ စီတန်းလှည့်လည်ခဲ့ကြပြီးနောက် မောင်ရင်လောင်းလေးများကို သင်္ကန်းစည်းပေးကာ ရေစက်ချတရားယူနားယူခဲ့ကြကြောင်း သိရသည်။ အဆိုပါ ရှင်လောင်းပွဲတွင် ရှင်လောင်းအပါးပေါင်း (၃၁)ပါး ပါဝင်ခဲ့ကြောင်းသိရှိရပါသည်။

news-view-count-icon

10