back

CEIR ဖုန်းမှတ်ပုံတင်စနစ် နားမလည်၍ ဖုန်းပိတ်ခံရမည်ကို ပြည်သူများ စိုးရိမ်နေ

Apr 02 • 2:54 AM

breaking-news

Myanmar

Local

cover

CEIR ဖုန်းမှတ်ပုံတင်စနစ် နားမလည်၍ ဖုန်းပိတ်ခံရမည်ကို ပြည်သူများ စိုးရိမ်နေ

ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register –CEIR) စနစ်ကို ပြည်သူအများစုက နားမလည်ဘဲ နောက်ဆက်တွဲ မိုဘိုင်းဖုန်း (ဟမ်းဆက်)...

ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register –CEIR) စနစ်ကို ပြည်သူအများစုက နားမလည်ဘဲ နောက်ဆက်တွဲ မိုဘိုင်းဖုန်း (ဟမ်းဆက်) တွေ ပိတ်သိမ်းခံရမှာကို စိတ်ပူပန်နေကြပါတယ်။အခွန်ကောက်ခံဖို့ အကြောင်းပြချက်နဲ့ မတ် ၃၁ ရက် နောက်ဆုံးထားပြီး ဖုန်းတွေအားလုံးရဲ့ မူရင်းအမှတ်အသား IMEI နံပါတ်တွေဖြည့်ကာ CEIR စနစ်ထဲ ရောက်ရှိနေဖို့လိုအပ်ကြောင်း၊ ဧပြီ ၁ ရက်က စတင်ကာ မိုဘိုင်းဖုန်း ဟမ်းဆက်တွေကို အခွန်ကောက်ခံတော့မှာ ဖြစ်ကြောင်းနဲ့ ဧပြီလ ကုန်တဲ့အခါမှာတော့ CEIR စနစ်ထဲမှာ မရှိတဲ့ မိုဘိုင်းဟမ်းဆက်တွေက ပိတ်သိမ်းခံရမှာဖြစ်ကြောင်း ထုတ်ပြန်သတိပေးထားပါတယ်။ သို့သော် လူအများစုက နားမလည်နိုင်ဖြစ်နေသလို အင်တာနက်နဲ့ ဖုန်းလိုင်းရရှိဖို့ ခက်ခဲတဲ့ဒေသက ပြည်သူတွေက ဒီစနစ်ကို ရှိနေကြောင်းကိုတောင် မသိတဲ့သူတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေကြောင့်ပဲ မတ်လ နောက်ဆုံးပတ်မှာတော့ e SIM လျှောက်ထားဝယ်ယူဖို့ မိုဘိုင်းဖုန်းဆိုင်တွေနဲ့ ဆင်းကတ်အရောင်းဆိုင်တွေမှာ လုယက်တန်းစီနေကြတာ ဖြစ်ပါတယ်။

news-view-count-icon

27