ရန်ကုန်မြို့၌ မဟာသင်္ကြန်ပွဲတော်ရက်အတွင်း ရေဆက်သွယ်ကစားလိုသူများ ခွင့်ပြုမိန့်လျှောက်ထားနိုင်ဟုဆို

Apr 02 • 1:28 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့၌ မဟာသင်္ကြန်ပွဲတော်ရက်အတွင်း ရေဆက်သွယ်ကစားလိုသူများ ခွင့်ပြုမိန့်လျှောက်ထားနိုင်ဟုဆို

၂၀၂၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်ရက်အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ရေပိုက်လိုင်း၊ အင်းလျားကန်နဲ့ ကန်တော်ကြီးကန်တို့က ရေကို ဆက်သွယ်ကစားလိုသူတွေအနေ...


၂၀၂၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်ရက်အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ရေပိုက်လိုင်း၊ အင်းလျားကန်နဲ့ ကန်တော်ကြီးကန်တို့က ရေကို ဆက်သွယ်ကစားလိုသူတွေအနေနဲ့ ခွင့်ပြုမိန့်လျှောက်ထား နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ရေပိုက်လိုင်း၊ အင်းလျားကန်နဲ့ ကန်တော်ကြီးကန်တို့က ရေတွေ ကိုဆက်သွယ်ကစားလိုတဲ့ ကိစ္စရပ်တွေကို စိစစ်ဆောင်ရွက်ပေးနိုင်ဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ကို ဧပြီလ ၁၃ ရက် နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး လျှောက်ထားကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ယာယီရေဆက်သွယ်ခွင့် လျှောက်လွှာတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ မြို့နယ် (ရေ/သန့်) တာဝန်ခံရုံးတွေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံး၊ ပဉ္စမထပ်၊ ဗိုလ်မြတ်ထွန်းလမ်းနဲ့ (၄၆) လမ်းကြား ကုန်သည်လမ်းပေါ်ရှိ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ရုံးခန်းမှာ အခမဲ့လာရောက်ထုတ်ယူနိုင်ပြီး ခွင့်ပြုမိန့် လျှောက်ထားရာမှာ သတ်မှတ်လျှောက်လွှာပေါ် မြို့နယ် (ရေ/ သန့်) တာဝန်ခံတွေရဲ့ မှတ်ချက်ရယူပြီး တင်ပြ လျှောက်ထားရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

news-view-count-icon

44