back

တောင်ကြီးမြို့ နာရီစင် ညဈေးတန်း နေရာတွင် အဆင့်မြင့် ကားပါကင် တည်ဆောက်ရေး အတွက် အစိုးရ နှင့် ကုမ္ပဏီ တို့ စာချုပ် ချုပ်ဆို

Apr 01 • 4:03 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးမြို့ နာရီစင် ညဈေးတန်း နေရာတွင် အဆင့်မြင့် ကားပါကင် တည်ဆောက်ရေး အတွက် အစိုးရ နှင့် ကုမ္ပဏီ တို့ စာချုပ် ချုပ်ဆို

တောင်ကြီး နာရီစင် ညဈေးတန်း နေရာတွင် အဆင့်မြင့် ကားပါကင် တည်ဆောက်ရေး အတွက် ရှမ်းပြည်နယ် အစိုးရ အဖွဲ့ နှင့် သီဟ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ တို့ စာချုပ် ချုပ်ဆို ...

တောင်ကြီး နာရီစင် ညဈေးတန်း နေရာတွင် အဆင့်မြင့် ကားပါကင် တည်ဆောက်ရေး အတွက် ရှမ်းပြည်နယ် အစိုးရ အဖွဲ့ နှင့် သီဟ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ တို့ စာချုပ် ချုပ်ဆို ခဲ့ကြောင်းသိရသည်။ထို အခမ်းအနားကို တောင်ကြီးမြို့ ၊ မြို့တော်ခန်းမ တွင် မတ်လ ၃၁ ရက် မနက်ပိုင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်ကာ ယာဉ်ရပ်နားစခန်း အဆောက်အဦ ဆောက်လုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။တောင်ကြီးမြို့၊ တပင်ရွှေထီးလမ်းရှိ နာရီစင်ညဈေးတန်း နေရာတွင် အဆင့်မြင့် ကားပါကင်နှင့် ခေတ်မီဈေး ပါဝင်သော ၇ ထပ်အဆောက်အဦကို ဆောက်လုပ်သွားရန် လျာထားခြင်း ဖြစ်ကြောင်း သိရသည်။




news-view-count-icon

15