ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခများအား ယနေ့မှစတင်ကာ တစ်ယူနစ်လျှင် ၃၆၀၀ ကျပ်နှုန်းဖြင့် တိုးမြှင့်ကောက်ခံသွားမည်

Apr 01 • 12:21 PM

breaking-news

Myanmar

Tanintharyi

cover

ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခများအား ယနေ့မှစတင်ကာ တစ်ယူနစ်လျှင် ၃၆၀၀ ကျပ်နှုန်းဖြင့် တိုးမြှင့်ကောက်ခံသွားမည်

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခများအား ယနေ့ (ဧပြီ ၁ ရက်) မှစတင်ကာ တစ်ယူနစ်လျှင် ၃၆၀၀ ကျပ်နှုန်းဖြင့် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရေးမြို့နယ်...

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခများအား ယနေ့ (ဧပြီ ၁ ရက်) မှစတင်ကာ တစ်ယူနစ်လျှင် ၃၆၀၀ ကျပ်နှုန်းဖြင့် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရေးမြို့နယ် မီးလင်းရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ရေးမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် လျှပ်စစ်မီတာခများအား တိုးမြှင့်ကောက်ခံရခြင်းဖြစ်ကြောင်းလည်း ယင်းရေးမြို့နယ် မီးလင်းရေးကော်မတီဝင်တစ်ဦး၏ ပြောကြားချက်များအရ သိရသည်။ယခင်က ရေးမြို့နယ်အတွင်း လျှင်စစ်မီတာခအဖြစ် တစ်ယူနစ်လျှင် ၂၁၀၀ ကျပ်မှ ယခုဈေးနှုန်းအသစ်အရ တစ်ယူနစ်လျှင် ၃၆၀၀ ကျပ်အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ထိုဈေးနှုန်းအတိုင်း ဧပြီ၊ မေနှင့် ဇွန် ၃ လအထိ ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် ထို ၃ လပြီးပါက စက်သုံးဆီဈေးနှုန်းအပေါ်မူတည်ပြီး မီတာခ တစ်ယူနစ်ဈေးနှုန်း ပြန်လည်ပြောင်းလဲသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။ရေးမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ မီတာခအဖြစ် တစ်ယူနစ်လျှင် ၁၅၅၀ ကျပ်နှုန်း၊ ထိုမှ ၁၈၀၀ ကျပ်နှုန်းနှင့် ၂၀၂၅ ခုနှစ်အတွင်း ၂၁၀၀ ကျပ်နှုန်းအထိ မြင့်တက်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ မီတာခအဖြစ် တစ်ယူနစ်လျှင် ၃၆၀၀ ကျပ်နှုန်းအထိဖြစ်လာခဲ့ခြင်းဖြစ်သည်။မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ရေးမြို့နယ်တစ်ခုတည်းသာ မဟာဓာတ်အားလိုင်း မရောက်ရှိသေးသည့်အတွက် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီများမှ မီးစက်ကြီးများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း၊ မြတ်သူရထွန်းကုမ္ပဏီအနေဖြင့် ရေးမြို့နှင့် ချောင်းတောင်၊ ဓမင်းဆိပ်၊ အဘော်၊ ဇီးဖြူသောင်၊ ဒူးယား၊ ရွှေပြည်သာ အစရှိသော ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေကြောင်း၊ Southern Myamar Development (SMD) ကုမ္ပဏီအနေဖြင့် ရေးမြို့နယ် မြောက်ပိုင်းရှိ လမိုင်းမြို့နှင့် မော့ကနင်၊ ကော့ဒွတ်၊ သောင်ပြင်၊ အနင်း၊ နှစ်ကရင် အစရှိသည့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေကြောင်းနှင့် SEGEP ကုမ္ပဏီအနေဖြင့် ရေးမြို့နယ် ချောင်းတောင်၊ ဟံဂံ၊ ကော့လှိုင်၊ ဆင်ဂူ၊ တိုးတက်ရွာသစ် စသည့်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေကြောင်း သိရသည်။


news-view-count-icon

37