ယနေ့ ကျရောက်သော April Fool’s Day (လူညာနေ့) တွင် အပျော်သဘောဖြင့် နောက်ပြောင်ကျီစယ်ရာမှတစ်ဆင့် လူမှုပတ်ဝန်းကျင်ကို ထိတ်လန့်တုန်လှုပ်စေမည့် သတင်းအမှားများ ဖြန့်ဝေမိခြင်းမရှိစေရန် ထိုင်းအစိုးရက အလေးအနက် သတိပေးလိုက်သည်။ ဝန်ကြီးချုပ်ရုံး ဒုတိယပြောရေးဆိုခွင့်ရှိသူ Airin Phanrit ၏ ပြောကြားချက်အရ ဆိုရှယ်မီဒီယာပေါ်တွင် သတင်းအမှားများ တင်ခြင်း သို့မဟုတ် ပြန်လည်မျှဝေခြင်းတို့ကြောင့် အခြားသူများ၏ ဂုဏ်သိက္ခာကို ညိုးနွမ်းစေပါက ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဘတ် ၂ သိန်း အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။ထို့အပြင် နိုင်ငံတော်လုံခြုံရေး၊ ပြည်သူ့ဘေးကင်းရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်စေမည့် သတင်းအမှားများကို ကွန်ပျူတာစနစ်အတွင်း ထည့်သွင်းဖြန့်ဝေပါက ကွန်ပျူတာရာဇဝတ်မှုဥပဒေအရ ထောင်ဒဏ် ၅ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ဘတ် ၁ သိန်းအထိ (သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး) ချမှတ်ခံရနိုင်သည်။ အထူးသဖြင့် လက်ရှိ အရှေ့အလယ်ပိုင်းပဋိပက္ခနှင့် စွမ်းအင်အခက်အခဲများ ကြုံတွေ့နေရချိန်တွင် သတင်းအမှန်ကိုသာ ဝေမျှရန်နှင့် သံသယရှိပါက ရဲတပ်ဖွဲ့ Hotline နံပါတ်များဖြစ်သော ၁၉၁ နှင့် ၁၅၉၉ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရှိရပါသည်။
April Fool's Day တွင် သတင်းအမှားများ နောက်ပြောင်ဖြန့်ဝေပါက ထောင်ဒဏ် ၅ နှစ်အထိ အရေးယူခံရနိုင်ကြောင်း ထိုင်းအစိုးရ သတိပေး
Apr 01 • 8:01 AM
Thailand
Local News
Share
| 7 | 0 | 0 | 0 |


