ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်း သား၊ ကျောင်းသူ(၁၉)ဦးသည် တရုတ်နိုင်ငံ၊ နန်နင်းမြို့ Guangxi Economic and Trade Vocational Institute(GXETVI)၌ Diploma in Fashion and Apparel Design (ဖက်ရှင်နှင့် အထည်အလိပ်ဒီဇိုင်း) သာသာရပ်သင်ယူရန် (၃)နှစ်တာပညာတော်သင်သွားရောက်မည်ဖြစ်သည်။အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ကချင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ မတ် ၃၀ ရက်ကတွေ့ဆုံ၍ ဖက်ရှင်နှင့် အထည်အလိပ်ဒီဇိုင်းဘာသာရပ်သည် ယနေ့ခေတ်ကာလ၏လူမှုစီးပွားနယ်ပယ်တွင် အလွန်အရေးပါပြီး အားကိုးအားထားပြုရသည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာရပ်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
Apr 01 • 7:28 AM
China
Local News
Share
| 1 | 0 | 0 | 0 |


