ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စီး ရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး ရောက်ရှိလာခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်းသို့ ထိုင်း ဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi (FFG-457) တစ်စီး ယနေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ အဆိုပါစစ်ရေယာဉ် ၏ အဖွဲ့ခေါင်းဆောင် မှာ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Captain Natthawat Wichakul ဖြစ်ကြောင်း သိရသည်။


