အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ(နွေ ရာသီ)သင်တန်း (၁/၂၀၂၆)သင်တန်းဆင်းပွဲကို မတ် ၃၁ ရက်က ရန်ကုန်မြို့၌ကျင်းပရာ မြန်မာအာကာ သအေဂျင်စီ အမှုဆောင်အရာရှိချုပ်ဒေါက်တာစိုးမြင့်မောင်တက်ရောက်ခဲ့သည်။ထိုသို့ တက်ရောက်ပြီးနောက် ယနေ့ခေတ်တွင် အာကာ သနည်းပညာသည် မိမိတို့၏ နေ့စဉ်ဘဝများ၊ ဆက်သွယ်ရေးကဏ္ဍများမှစ၍ ကမ္ဘာမြေကြီး၏ပြောင်းလဲမှုများကိုလေ့လာစောင့်ကြည့်သောနေရာများအထိ အ လွန်အရေးပါသည့်အခန်းကဏ္ဍများတွင်ပါဝင်နေသည်ဟုပြောကြားခဲ့သည်။ထို့ကြောင့် အာကာသသိပ္ပံနှင့် နည်းပညာသည်စိန်ခေါ်မှုများပြီး စိတ်လှုပ်ရှားစရာကောင်းသဖြင့် လက်တွေ့စမ်း သပ်မှုများ၌တက်ကြွစွာပါဝင်ကြရန်လည်း ဒေါက်တာစိုးမြင့်မောင်က တိုက်တွန်းပြောကြားခဲ့သည်။
Apr 01 • 2:18 AM
Myanmar
Yangon
Share
| 24 | 0 | 0 | 0 |


