back

ဟင်္သာတတွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မီးရှို့အလောင်းဖျောက်ခဲ့သည့် တရားခံအား မအူပင်တွင် ဖမ်းဆီးရမိ

Mar 31 • 8:23 AM

breaking-news

Myanmar

Ayeyarwady

cover

ဟင်္သာတတွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မီးရှို့အလောင်းဖျောက်ခဲ့သည့် တရားခံအား မအူပင်တွင် ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ငွေချေးရာ၌ အဆင်မပြေဖြစ်ရာမှ အမျိုးသမီးတစ်ဦးကို လုယက်သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ခဲ့သည့် တရားခံအား မအူပင်မြို့၌ ဖမ်...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ငွေချေးရာ၌ အဆင်မပြေဖြစ်ရာမှ အမျိုးသမီးတစ်ဦးကို လုယက်သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ခဲ့သည့် တရားခံအား မအူပင်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ဟင်္သာတမြို့နယ်၊ ဆပ်ပြာအိုင်ကျေးရွာရှိ ဝါးခြံတစ်ခုအတွင်း အသက် ၅၇ နှစ်အရွယ် ဒေါ်သင်းသင်းအေး၏ ရုပ်အလောင်းအား မီးရှို့ခံထားရသည့် အခြေအနေဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။စုံစမ်းစစ်ဆေးချက်များအရ ကျူးလွန်သူမှာ အသက် ၅ နှစ်အရွယ် ထောင်ဒဏ်ကျခံဖူးပြီး ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ အွန်စော (ခ) ဖြိုးဝေအောင် ဖြစ်ကြောင်း သိရှိရပြီး၊ ၎င်းအား မတ်လ ၂၈ ရက်နေ့တွင် မအူပင်မြို့ ကားဝင်းအတွင်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တရားခံအား ဟင်္သာတမြို့ နယ်မြေခံရဲစခန်း၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄/၂၀၁ (လူသတ်မှု၊ လုယက်မှုနှင့် ပြစ်မှုဆိုင်ရာသက်သေခံချက်ကို ဖျောက်ဖျက်မှု) တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

9