back

ရှမ်းပြည်၊ကျိုင်းတုံတွင် တရုတ် ဇနီးမယားအဖြစ် လူကုန်ကူးသူကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့

Mar 31 • 5:33 AM

breaking-news

Myanmar

Shan

breaking-news
cover

ရှမ်းပြည်၊ကျိုင်းတုံတွင် တရုတ် ဇနီးမယားအဖြစ် လူကုန်ကူးသူကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမှတဆင့် "ဝ"ဒေသမိုင်းပေါက်ကိုဖြတ်၍ အမျိုးသမီးတစ်ဦးကို တရုတ်အငှားမယားအဖြစ် ရောင်းစားခဲ့မှု ကျူးလွန်သူတစ်ဦးကို ပြစ်မှုထင်ရှားသဖြင...

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမှတဆင့် "ဝ"ဒေသမိုင်းပေါက်ကိုဖြတ်၍ အမျိုးသမီးတစ်ဦးကို တရုတ်အငှားမယားအဖြစ် ရောင်းစားခဲ့မှု ကျူးလွန်သူတစ်ဦးကို ပြစ်မှုထင်ရှားသဖြင့် ကျိုင်းတုံ ခရိုင်တရားရုံးက မတ်၂၆ ရက်တွင် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။ယမန်နှစ် ဇူလိုင်လအတွင်းက ကျိုင်းတုံမြို့သို့ ခင်ပွန်းနှင့် စကားများကာ ရောက်ရှိလာသည့် ပုသိမ်ကြီးမြို့နယ်၊ မန်ကျီးပင်စောက်ကျေးရွာမှ အမျိုးသမီးတစ်ဦးကို ကျိုင်းတုံမြို့၊ ယန်းခမ်းကားကြီးဝင်းနေ မအိမူမူအောင် (ခ)မသဲသဲက တရုတ်အငှားမယားလုပ်ပါက ယွမ် ၁၅,၀၀၀ ရမည်ဟုစည်းရုံးကာ "ဝ"ဒေသ မိုင်းပေါက်ရှိ လူပွဲစား ဒေါ် အိဆိုသူထံ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ဒေါ်အိက တရုတ်ပွဲစားများထံ ၎င်း၏ ဓာတ်ပုံများ ပို့ပေးခဲ့ရာမှ လာရောက်ကြည့်ရှုကြပြီး တရုတ်ပွဲစားများက ဒေါ်အိကို တရုတ်ငွေများ ပေးနေသည်ကို တွေ့ရှိရသော်လည်း ၎င်းမှ လက်ခံရရှိခြင်း မရှိခဲ့ဘဲ တရုတ်လူပွဲစားများ၏ ခေါ်ဆောင်မှုဖြင့် တရုတ်ပြည်ကျေးရွာတစ်ရွာတွင် "ဝ"အမျိုးသား အဲကားဆိုသူနှင့် အတင်းအဓမ္မ ပေါင်းသင်း နေထိုင်စေခဲ့သည်ဟု အငှားမယားအဖြစ် ရောင်းစားခံ အမျိုးသမီးက ထွက်ဆိုခဲ့ကြောင်း သိရသည်။တင်တောင်းငွေယွမ် ၁၅,၀၀၀ မရသဖြင့် သားမယားအဖြစ် နေထိုင်ရန် ပြောဆိုမှုကို ငြင်းဆန်ခဲ့ရာ ပွဲစားများထံမှ ဝယ်ယူပြီးဖြစ်၍ ကလေးမွေးပြီးမှသာ ပြန်ခိုင်းမည်ဖြစ်ကြောင်း ပြောဆို၍ အတင်းအဓမ္မ သားမယားအဖြစ် နေထိုင်ခဲ့ရကြောင်း၊ သားမယား အဖြစ်နေထိုင်ရန် ငြင်းဆန်သည့် နေ့များတွင် အခန်းတွင်း တံခါးပိတ်ပြီး ခြေဖြင့်ကန်ခြင်း၊ ကြိုးဖြင့်ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အဲကား တောင်ယာသို့သွားစဉ် နေအိမ်မှ ထွက်ပြေးပြီး လျန်စန်းရဲစခန်း သို့ရောက်ရှိကာ တရားမဝင် ဝင်ရောက်မှုအတွက် ထောင်ဒဏ် ၂ လနှင့် ၂ ရက် ချမှတ်ခံခဲ့ရပြီးနောက်မြန်မာနိုင်ငံနယ်စပ်သို့ ပြန်လည် လွှဲပြောင်းခံခဲ့ရကြောင်း သိရသည်။အမှုအား စိစစ်ပေါ်ပေါက်မှုအရ ကျူးလွန်သူ မအိမူမူအောင် (ခ) မသဲသဲအား ထောင်ဒဏ် ၁၅ နှစ် ချမှတ်ကာ ပူးပေါင်းကျုးလွန်သူ မိုင်းပေါက်မြို့နေ ဒေါ်အိကို အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။



news-view-count-icon

11