မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် နွေစပါး၊ ဥယျာဉ်ခြံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများသည် စက်သုံးဆီရရှိရန်အတွက် မီးစက်ကြီးများကို ကားပေါ်တင်ဆောင်၍ ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရကြောင်း သိရသည်။ အီရန်စစ်ပွဲနောက်ဆက်တွဲ အကျိုးသက်ရောက်မှုများနှင့် စစ်ကောင်စီ၏ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ပုံးများ၊ ပေပါများဖြင့် ဆီရောင်းချမှုကို တင်းကျပ်စွာ ပိတ်ပင်ထားခြင်းကြောင့် တောင်သူများမှာ ယခုကဲ့သို့ မီးစက်များကိုယ်တိုင် သယ်ဆောင်လာရခြင်းဖြစ်သည်။ သို့သော် ဆီဆိုင်များက မီးစက်တစ်လုံးလျှင် ငွေကျပ် ၁၀,၀၀၀ ဖိုးသာ ကန့်သတ်ရောင်းချပေးသဖြင့် နွေစပါးရိတ်သိမ်းချိန်နှင့် ရေသွင်းချိန်များတွင် လုံလောက်မှုမရှိဘဲ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
| 24 | 0 | 0 | 0 |


