ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်တဲ့ အူလီဟိုးနက်စ်က ဆွီဒင်တိုုက်စစ်မှူး အီဆက်ခ်က ယူရိုသန်း(၁၅၀) တန်ရင် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက ယူရိုသန်း(၂၅၀)ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့နွေရာသီမှာ အီဆက်ခ်ကို နယူးကာဆယ်ကနေ ယူရို(၁၄၄.၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးအများဆုံးကစားသမားစာရင်းမှာ တတိယနေရာ ရပ်တည်ခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းက ဟာရီကိန်းကို ၂၀၂၃ နွေရာသီမှာ ယူရိုသန်း(၁၀၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဆော်ဒီကလပ်အသင်းတချို့က တန်ဖိုးကြီးတဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေကြောင်း သတင်းထွက်လာတာကြောင့် အူလီဟိုးနက်စ်က အခုလို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
Mar 31 • 1:45 AM
Myanmar
International
Share
| 13 | 0 | 0 | 0 |


