သင်္ကြန်ရုံးပိတ်ရက်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြုသွားလာမည့် ယာဉ်များ၏ယာဉ် မောင်းများအနေဖြင့်အထူးသတိပြုမောင်းနှင်ရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ကမေတ္တာရပ်ခံထားသည်။လက်ရှိအချိန်၌ အမြန်လမ်းမကြီး၏မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၁၆၅/၃ အတွင်းရှိ ဆွာချောင်းတံတား (မန္တလေးဘက်မှ ရန်ကုန်ဘက်)(အပြန်လမ်း)တွင် တံတားသစ်တည် ဆောက်ခြင်း၊ မိုင်တိုင်အမှန် ၁၈၈/၂ နှင့် ၁၈၈/၃အတွင်း ရေပြွန်ပြုပြင်ခြင်တို့ကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။အဆိုပါ နေရာများ၌ လမ်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် လမ်းအသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် သတိပြု၍အရှိန်လျှော့မောင်းနှင်ကြရန် လည်း မေတ္တာရပ်ခံထားသည်။ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်မှ၂၀၂၆ ခုနှစ် မတ် ၂၉ ရက်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု ၁၇၄ မှု ဖြစ်ပွားခဲ့ပြီး ၈၂ ဦးသေဆုံးကာ ၂၆၀ ဦးထိ ထိခိုက်ဒဏ်ရာရရှိထားသည်။



