ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖမ်းဆီးထားတဲ့ ဗီယက်နမ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံ ၄ နိုင်ငံမှ ကျားဖြန့် ငွေလိမ်ဂိုဏ်းဝန်ထမ်း ၆၅ ယောက်ကို မတ် ၃၀ ရက်မှာ ထိုင်းနိုင်ငံဘက်ကို ပြန်ပို့လိုက်ပါတယ်။ဗီယက်နမ်နိုင်ငံသား ၂၇ ယောက်၊ ကင်ညာနိုင်ငံသား တယောက်၊ ရဝမ်ဒါနိုင်ငံသား တယောက်၊ အီသီယိုးပီးယား ၃၆ ယောက် စုစုပေါင်း ၆၅ ယောက်တို့ကို ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ မှတဆင့် မဲဆောက်ကို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။အဆိုပါ နိုင်ငံခြားသားတွေကို ထိုင်းရဲတပ်ဖွဲ့က လက်ခံထားပြီး ရက်ပိုင်းအတွင်း မိခင်နိုင်ငံတွေကို ပြန်ပို့ပေးမယ်လို့ မဲဆောက်ရဲစခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
Mar 31 • 1:20 AM
Myanmar
Kayin
Share
| 48 | 0 | 0 | 0 |


