မန္တလေးတွင် မီးပြတ်၍ အခက်ကြုံနေသော်လည်း ကျုံးဘေးသင်္ကြန်ကို ဆိုလာစနစ်သုံး၍ ခမ်းနားစွာ ကျင်းပရန် ပြင်ဆင်နေ

Mar 30 • 2:56 PM

breaking-news

Myanmar

Mandalay

cover

မန္တလေးတွင် မီးပြတ်၍ အခက်ကြုံနေသော်လည်း ကျုံးဘေးသင်္ကြန်ကို ဆိုလာစနစ်သုံး၍ ခမ်းနားစွာ ကျင်းပရန် ပြင်ဆင်နေ

မန္တလေးမြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်မှုကြောင့် မြို့ခံအနေဖြင့် အခက်အခဲမျိုးစုံ ကြုံနေ ရသော်လည်း စစ်ကော်မရှင်က ယခုနှစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဆိုလာရ...

မန္တလေးမြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်မှုကြောင့် မြို့ခံအနေဖြင့် အခက်အခဲမျိုးစုံ ကြုံနေ ရသော်လည်း စစ်ကော်မရှင်က ယခုနှစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဆိုလာရေတင်စနစ်များ အသုံးပြု ကာ ကျုံးပတ် လည်တွင် မဏ္ဍပ်ပေါင်း ၄၅ ခုဖြင့် ခမ်းခမ်းနားနား ကျင်းပရန် ပြင်ဆင်နေကြောင်း သိရသည်။ယခင်နှစ်က စစ်ကိုင်းငလျင်အရှိန်ကြောင့် သင်္ကြန်ပွဲတော်ကို ဟန်ပြသာ ကျင်းပခဲ့ ရသဖြင့် ယခုနှစ်တွင် ဝါဒဖြန့်ချိရေးအတွက် ရည်ရွယ်ကာ ကျုံးပတ်လည်၌ မဏ္ဍပ်အကြီး ၁၇ ခုနှင့် မဏ္ဍပ်အသေး ၂၈ ခု၊ စုစုပေါင်း ၄၅ ခုကို အပြိုင်အဆိုင် တည်ဆောက်နေခြင်းဖြစ်သည်။ လက်ရှိတွင် မန္တလေးမြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်မှာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။သို့သော် မြေပြင်တွင်မူ ၄ နာရီသာ မီးလာပြီး ၈ နာရီခန့် ပြတ်တောက်နေသည့် ရက်များက ပိုမို များပြား ကြောင်း မြို့ခံများထံမှ သိရသည်။ ထိုသို့ လျှပ်စစ်မီးများ ပြတ်တောက်နေသော်လည်း မော်တာရေတင်မည့်စနစ်ကို အသုံးပြုမည်ဖြစ်၍ သင်္ကြန်ကာလအတွင်း ရေလုံလောက်စွာ ပက်ဖျန်းနိုင်မည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။ 




news-view-count-icon

13