ရှမ်းပြည်နယ် လွှတ်တော်အနီး၊ ပြည်နယ်လမ်းဦးစီးဌာနရှေ့၊ ဗိုလ်ချုပ်ပန်းခြံထောင့်၊ City Square ရှေ့၊ ကုန်သည်လမ်းထိပ်၊ မြို့မဈေးဆိုင်ကယ်စတန်း၊ တရုတ်ဘုံကျောင်းရှေ့၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှေ့နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှေ့တို့တွင် အဆိုပါ မဏ္ဍပ်များ ဆောက်လုပ်သွားမည် ဖြစ်သည်။ထို့ပြင် လမ်းလျှောက်သင်္ကြန်အဖြစ် ဗဟိုမဏ္ဍပ်၏ ဘေးဘယ်ညာဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် သပြေလမ်းထောင့် (စာတိုက်ထောင့်) မှ ရဲရိပ်သာရှေ့အထိ ၊ City Square ရှေ့မှ Jasmine Hotel ရှေ့အထိ စုစုပေါင်း (၂) နေရာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။



