ကရင်ပြည်နယ်၊ဒူးပလာယာခရိုင်ရှိ ဒေသခံအများအပြား အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)ကြောင့် ငွေကျပ်သိန်းမှ ထောင်ဂဏန်းအထိ ဆုံးရှုံးမှုရှိနေသည်ဟု ကျေးရွာနေလူထုက ပြောသည်။ကျုံဒိုးမြို့နယ်၊ ထီဟူးသံ၊ ဝင်းက၊ ဖားကျကျေးရွာအပါအဝင် နို့တကောမြို့နယ်ရှိ ကျေးရွာအချို့တို့တွင် အွန်လိုင်းငွေလိမ်ခံရပြီး ခြံထုတ်ရောင်းအကြွေးဆပ်ရသည်အထိ ဆုံးရှုံးနစ်နာမှုရှိနေကြောင်း ဒေသခံများထံမှ ကနဦးရရှိထားသည့်အချက်အလက်များအရ သိရသည်။အဆိုပါအွန်လိုင်းငွေလိမ်လည်မှုမှာ Spfilm.vip အမည်ရှိ ဝက်ဆိုက်လင့်ခ်မှတစ်ဆင့် စာရင်းသွင်းအကောင့်ဖွင့်၊ ငွေရင်းနှီးစေ၍ ရုပ်ရှင်ဇာတ်လမ်းအတိုများကိုကြည့်ခြင်းဖြင့် ဝင်ငွေရနိုင်ကြောင်း မက်လုံးပေးရာမှအစပြုသည်။ ကိုယ်တွေ့ကြုံခဲ့ရသူများ ပြောပြချက်အရ လုပ်ငန်းစတင်ချိန် လစဉ်ဝင်ငွေပုံမှန်ရရှိသယောင်ပြထားသော်လည်း အရင်းအနှီးပမာဏများလာလျှင် အကောင့်များကိုဖျက်သိမ်းပစ်လိုက်ပြီး ထည့်ဝင်ငွေအားလုံးကိုလိမ်လည်ရယူသွားသော ပုံစံဖြစ်ကြောင်း သိရသည်။
Mar 30 • 7:18 AM
Myanmar
Kayin
Share
| 13 | 0 | 0 | 0 |


