back

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့က ကမ္ဘာ့လေထု အဆိုးဆုံးမြို့အဖြစ် ထိပ်ဆုံးမှာ ဆက်ရှိနေ

Mar 30 • 4:45 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့က ကမ္ဘာ့လေထု အဆိုးဆုံးမြို့အဖြစ် ထိပ်ဆုံးမှာ ဆက်ရှိနေ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ဟာ ကမ္ဘာ့လေထုအရည်အသွေး အဆိုးရွားဆုံးမြို့ကြီးတွေရဲ့ စာရင်းမှာ နံပါတ် (၁) နေရာအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ လေထုအရည်အသွေး ...

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ဟာ ကမ္ဘာ့လေထုအရည်အသွေး အဆိုးရွားဆုံးမြို့ကြီးတွေရဲ့ စာရင်းမှာ နံပါတ် (၁) နေရာအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ လေထုအရည်အသွေး စစ်ဆေးထုတ်ပြန်တဲ့ IQAir ဝက်ဘ်ဆိုဒ်က မတ်လ ၃၀ ရက်မှာဖော်ပြထားပါတယ်။ IQAir ဝက်ဘ်ဆိုဒ်က ကမ္ဘာ့ပေါ်က မြို့ကြီး ၁၂ဝ ရဲ့လေထုအရည်အသွေးကို တိုင်းတာဖော်ပြနေတာဖြစ်ပြီး ချင်းမိုင်မြို့က လေထုအရည်အသွေး အဆိုးရွားဆုံးမြို့အဖြစ် နံပတ် ၁ နေရာမှာဆက်ရှိနေတာပါ။ IQAir ဝက်ဘ်ဆိုဒ်ရဲ့ မတ်လ ၃၀ ရက် မနက် ၉ နာရီထုတ်ပြန်ချက်အရ ချင်းမိုင်မြို့ရဲ့ လေထုအရည်အသွေးဟာ US AQI ၂၃၃ မှာရှိနေပြီး ဒါဟာအနီရောင်အဆင့်ကိုကျော်လွန်ကာ ခရမ်းရောင်အဆင့်မှာရှိနေပါတယ်။ လေထုအရည်အသွေး သတ်မှတ်ချက်အရ ခရမ်းရောင်အဆင့်ဟာ ကျန်းမာရေးအတွက် အလွန်စိုးရိမ်ရတဲ့အဆင့်ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။ ချင်းမိုင်မြို့ဝန်းကျင်မှာ တောမီးလောင်တာ ၊ မီးရှို့တာတွေကြောင့် မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းကစပြီး မြို့အနှံမှာ ဖုန်မှုန့်နဲ့ မီးခိုးမြူတွေ သိသိသာသာ ပိတ်ဖုံးနေပါတယ်။ မီးခိုးတွေ‌ကြောင့် အသက်ရူမဝတာ ၊ မျက်စိစပ်တာ ၊ လည်ချောင်းယားတာ ၊ချောင်းဆိုးတာတွေဖြစ်နေတယ်လို့ ချင်းမိုင်မြို့နေ မြန်မာအချို့ကပြောပါတယ်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနကလည်း ချင်းမိုင်မြို့မှာ လေထုအရည်အသွေး ဆိုးရွားနေပြီး လာမယ့် ၂ ရက်မှ ၃ ရက်အတွင်း လေထုအရည်အသွေး ဆက်လက်ဆိုးရွားနေဦးမယ်လို့ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ဖုန်းတွေကို အရေးပေါ် မက်ဆေ့ပို့ထားပါတယ်။

news-view-count-icon

21