back

ယာဥ်အစီးရေလျှော့ချပြေးဆွဲနေရခြင်းကြောင့် ခရီးသည်များလက်မှတ်ဝယ်မရသည့်အခက်အခဲကြုံတွေ့နေ ကာပုသိမ်-ရန်ကုန်ကားခ နှစ်ဆမြင့်တက်ခဲ့

Mar 29 • 8:35 AM

breaking-news

Myanmar

Local

breaking-news
cover

ယာဥ်အစီးရေလျှော့ချပြေးဆွဲနေရခြင်းကြောင့် ခရီးသည်များလက်မှတ်ဝယ်မရသည့်အခက်အခဲကြုံတွေ့နေ ကာပုသိမ်-ရန်ကုန်ကားခ နှစ်ဆမြင့်တက်ခဲ့

ပုသိမ်-ရန်ကုန် ခရီးသည်တင်ယာဥ်လိုင်းများ စက်သုံးဆီအခက်အခဲကြောင့် အစီးရေလျှော့ချပြေးဆွဲလျက်ရှိကြောင်း သိရသည်။လက်မှတ်ခစျေးနှုန်းအနေဖြင့် လက်မှတ်တစ်စောင်လျှင် ယခင်...

ပုသိမ်-ရန်ကုန် ခရီးသည်တင်ယာဥ်လိုင်းများ စက်သုံးဆီအခက်အခဲကြောင့် အစီးရေလျှော့ချပြေးဆွဲလျက်ရှိကြောင်း သိရသည်။လက်မှတ်ခစျေးနှုန်းအနေဖြင့် လက်မှတ်တစ်စောင်လျှင် ယခင် ကျပ် ၁၂,၀၀၀ မှ လက်ရှိတွင် ကျပ် ၂၅,၀၀၀ အထိ ပေးဝယ်နေရသော်လည်း လက်မှတ်ဝယ်မရသဖြင့် ခရီးသည်များ အခက်ကြုံနေရကြောင်းလည်း သိရသည်။

ပုသိမ်-ရန်ကုန်လက်မှတ်ခကို ကိုဗစ်ဖြစ်ပွားချိန်မှစ၍ တစ်စောင်လျှင် ကျပ် ၁၂,၀၀၀ သို့ သက်မှတ်လိုက်ကြပြီး ယခုအခါ စက်သုံးဆီအခက်အခဲကြောင့် ကျပ် ၂၅,၀၀၀ အထိတိုးမြှင့်သက်မှတ်လိုက်ကြောင်း သိရသည်။ ယင်းသို့ တိုးမြှင့်သတ်မှတ်လိုက်သော်လည်း အစီးရေလျှော့ချပြေးဆွဲနေခြင်းကြောင့် သတ်မှတ်စျေး ၂၅,၀၀၀ ဖြင့်ပင် လက်မှတ်လုံလောက်အောင်မရရှိ၍ ခရီးသည်များ အခက်ကြုံတွေ့နေရခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအခက်အခဲများနှင့်ပက်သက်ပြီး ပုသိမ်ခရိုင် ပုဂ္ဂလိကမော်တော်ယာဉ်၊ လုပ်ငန်းယာဉ်များစနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီ ထံမေးမြန်းရာ "လက်မှတ်ခတိုးမြှင့်တာသိရှိထားကြောင်း ခရီးသည်များဘက်ကလည်း တိုင်ကြားလာတာမရှိတဲ့အပြင် ကားတွေကလည်း ၂ စီး တစ်စီးပေါင်းထွက်၊ ၂ ဂိတ် ၁ဂိတ် ပေါင်းထွက် အဲဒီလိုတွေအခက်အခဲရှိနေတယ်" ဟု ကော်မတီ ဥက္ကဌကဆိုသည်။


news-view-count-icon

20