ထိုင်းနိုင်ငံတွင် အရက်ယမကာ ထိန်းချုပ်ရေး အက်ဥပဒေပြင်ဆင်ချက်အရ အရက်ရောင်းချသူများအနေဖြင့် ဝယ်ယူသူများ မူးယစ်နေခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ရန် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ၃ ခုကို Royal Gazette က ထုတ်ပြန်လိုက်သည်။ အဆိုပါ စစ်ဆေးမှုများတွင် မျက်စိမှိတ်၍ လက်ညှိုးဖြင့် နှာခေါင်းထိပ်ကို ထိခိုင်းခြင်း၊ မျဉ်းဖြောင့်အတိုင်း ၁၀ လှမ်း လျှောက်ခိုင်းခြင်းနှင့် ခြေတစ်ဖက်တည်းဖြင့် စက္ကန့် ၃၀ ကြာ ဟန်ချက်ညီညီ ရပ်ခိုင်းခြင်းတို့ ပါဝင်ပြီး၊ ယင်းစစ်ဆေးချက်များကို မကျော်ဖြတ်နိုင်ဘဲ ဟန်ချက်ပျက်ယွင်းခြင်း၊ စကားဗလုံးဗထွေးဖြစ်ခြင်းနှင့် အရက်နံ့ထွက်ခြင်း စသည့်လက္ခဏာများ ပြသနေပါက မူးယစ်နေသူဟု သတ်မှတ်ကာ အရက်ရောင်းချခြင်းမပြုရန် တားမြစ်ထားကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။
Mar 29 • 6:41 AM
Thailand
Local News
Share
| 7 | 0 | 0 | 0 |


