နာမည်ကျော် ဂေါက်သီးကစားသမား တိုက်ဂါးဝုဒ်သည် သောကြာနေ့က ဖလော်ရီဒါပြည်နယ်မှယာဉ်တိုက်မှု၌ အရက်မူးပြီးမောင်းမှုဖြင့် ဖမ်းဆီးအမှုဖွင့်ခံခဲ့ရကြောင်း တရား ဥပဒေစိုးမိုးရေးအရာရှိများက ပြောကြားခဲ့သည်။ယာဉ်တိုက်မှုတွင် ဝုဒ်သည် ဒဏ်ရာ မရခဲ့ပေ။ ဂျူပီတာအိုင်လန် ရှိ ၎င်း၏ နေအိမ်အနီး ရပ်ကွက်လမ်းတစ်ခုပေါ်တွင် ယာဉ်တစ်စီးကို ကျော်တက် ရာမှ ထရပ်ကားတစ်စီးကို ဝင်တိုက်မိကာ ယာဉ်တိမ်းမှောက်သွားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။၂၀၁၇ ခုနှစ်က အရက် မူး ပြီး ကားမောင်းမှုဖြင့် အ ဖမ်းခံခဲ့ရဖူးသော အသက် ၅၀ အရွယ် ဝုဒ်သည် မူမမှန်သော လက္ခဏာများပြသခဲ့သော်လည်း နောက်ပိုင်းတွင် အရက်အတွက် အသက်ရှုကိရိယာစစ်ဆေးမှုကို အောင်မြင်ခဲ့ကြောင်း မာတင်စီရင်စုရဲအရာရှိ ဂျွန်ဘာဒန်ဆစ်က ပြောကြားခဲ့သည်။ ဆီးစစ်ဆေးမှုခံယူရန် ငြင်းဆန်ခဲ့သောကြောင့် သူ့ကို အရက်သောက်စားမောင်းနှင်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း ဘာဒန်ဆစ်က ပြောကြားခဲ့သည်။ ဆီးစစ်ဖို့ တောင်းဆိုတဲ့အခါ သူက ငြင်းဆိုခဲ့တာကြောင့် အရက်သောက်စားမောင်းနှင်မှု၊ ပစ္စည်းပျက်စီးစေမှုနဲ့ ယာဉ်တိုက်မှုမှာ တရားဝင်စစ်ဆေးမှုခံယူရန် ငြင်းဆန်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ် ဟု ဘာဒန်ဆစ်က ေပြာကြားခဲ့သည်။အခင်းဖြစ်ပွားရာနေရာတွင် ဝုဒ်ကို စစ်ဆေးခဲ့သော မူးယစ်ဆးဝါးခွဲခြားသတ်မှတ်ရေးကျွမ်းကျင်သူများက ဝုဒ်သည် ဆေးဝါး သို့မဟုတ် မူယစ်ဆေးဝါးတစ်မျိုးမျိုးကြောင့် မူးယစ်နေသည်ဟု ယူဆခဲ့ကြကြောင်း ဘာဒန်ဆစ်က ပြောကြားခဲ့သည်။ 
| 6 | 0 | 0 | 0 |


